ပိုပို ဟာ သူမရဲ့ အလွမ်းသီချင်းတွေ အသဲကွဲ သီချင်းတွေကြောင့် လူသိများလာတဲ့ အဆိုတော်တစ်ဦးလဲ ဖြစ်ပါတယ်။ သူမဘာလို့ အသဲကွဲသီချင်းတွေ ရေးရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို မေးမြန်းတဲ့ အခါမှာတော့......

ပိုပို ဟာ သူရဲ့ ဘဝကို မိဘတွေမရှိဘဲ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ သူမအတွက် တော့ အဲ့ဒါကြောင့်ပဲ အမြဲတမ်း lonely ဖြစ်ပြီး အထီးကျန်တယ်လို့ ခံစားရပါတယ်လို့ဆိုပါတယ်။ သူမက တစ်ယောက်တည်းပဲရှိတယ်ဆိုရင် အမြဲတမ်း တစ်ခုခု လိုအပ်နေသလို ခံစားရတယ်လို့ပြောတဲ့ အပြင်သူမလို မျိုး ကလေးတိုင်းလိုလို အဲ့ဒီလိုမျိုး ခံစားရလောက်တယ်လို့ ဆိုပါတယ်။ သူမက အဘွားကို အဖေလိုရော အမေလိုရော သဘောထားပြီး တူတူနေခဲ့ရတဲ့ အတွက် သူမ အဘွား ဆုံးတဲ့ အခါမှာ အရမ်းခံစားခဲ့ရတယ်လို့ဆိုပါတယ်။

အဲ့ဒါကြောင့် စိတ်ဒဏ်ရာတွေ အမြဲရှိနေပြီး အသဲကွဲ သီချင်းတွေ အရေးများနေတာပါလို့ ဆိုခဲ့ပါတယ်။ သူမအသဲမကွဲပါဘူးလို့လဲပြောသွားပါသေးတယ်။ ပိုပိုဟာ 'အလွမ်းသီချင်းတွေကြိုကတဲ့ ရေဒီယို' ဆိုတဲ့ သီချင်းခွေကို စတိတ်ရှိုး ကို ဝင်ကြေးအခမဲ့ ပြုလုပ်၍ အခြားသရုပ်ဆောင်များနှင့် အတူသီဆိုဖျော်ဖြေကာ ဖြန့်ချိခဲ့တယ်လို့ဆိုပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။