မြန်မာပရိသတ်တွေ အနေနဲ့ မင်းသား ရှာရွတ်ခန်းကို အိန္ဒိယ သမိုင်းဇာတ်ကြောင်း ကို အခြေခံပြီးရိုက်ကူးထားတဲ့ အာသောက ရုပ်ရှင်ဇာတ်ကား နဲ့ အခြားသူပါ၀င်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတော်တော်များများမှာ အားပေးကြမှာပါ။ အာသောက ရုပ်ရှင်ဇာတ်ကားကြီးဟာ ဆိုလျှင် အရမ်းကို အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းဟာ အသက် ၅၁ နှစ်ရှိပါပြီ။

မင်းသားကြီး ရှာရွတ်ခန်း ကို ဘောလီးဝုဒ်ရဲ့ ဘုရင်အဖြစ်လည်းတင်စားကြပါတယ်။ ရှာရွတ်ခန်းဟာ ၁၉၈၀ နှောင်းပိုင်းက တီဗွီအစီအစဉ်တွေမှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ သူပါ၀င်တဲ့ အခြားနာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွေကတော့ ဟာသ ဇာတ်လမ်းတွေဖြစ်တဲ့ “Chennai Express” (၂၀၁၃) နဲ့ “Happy New Year” (၂၀၁၄) တို့ဖြစ်ပါတယ်။

မင်းသားကြီး ရှာရွတ်ခန်းဟာ ကလေးသူငယ်ပညာသင်ကြားရေး ကိုထောက်ပံ့ပေးခဲ့မှုကြောင့် ၂၀၁၁ ခုနှစ်မှာ ကုလသမဂ္ဂ ယူနက်စကို မှ ချီးမြှင့်တဲ့ ဆုကို လက်ခံရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး သူ စာရင်း ၅၀ ထဲမှာ ပါ၀င်ခဲ့ပါတယ်။ သြဂုတ်လ ၂၀၁၇ Forbes မဂ္ဂဇင်း စာရင်းအရ အိန္ဒိယ မှာ အနုပညာ ကြေးအများဆုံးရ ပြီး ကမ္ဘာပေါ်မှာ ရှစ်ယောက်မြောက် အနုပညာကြေးအများဆုံးရသူ အဖြစ်ရပ်တည်ခဲ့ပါတယ်။

Source: Bollywood Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။