မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ပြင်သစ်အသင်းဟာ ဘီလာရုပ် အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ပြင်သစ်အသင်းဟာ ရမှတ် ၂၃ မှတ်နဲ့ အုပ်စုအဆင့် ၁ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပြီး ရုရှားသွားဖို့ လက်မှက်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ဘီလာရုပ် အသင်းကတော့ ဇယားအောက်ဆုံးမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပြင်သစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂရက်စမန်း ၊ ဂျီရော့၊ ကိုမန်း၊ တိုလီဆို၊ မာတွီဒီ၊ သောမက်လီမာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘီလာရုပ်အသင်းကတော့ ကာနစ်စကီး၊ နစ်ကီတာ၊ ဒရာဂမ်၊ စတာစီဗစ်၊ ဆာရိုကို၊ ကိုဗာလပ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ပြင်သစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို ထိန်းချူပ်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ပြင်သစ်အသင်းရဲ့ အဖွင့်ဂိုးကိုတော့ ၂၇ မိနစ်မှာ ဂရက်စမန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယမြောက်ဂိုးကိုတော့ ၃၃ မိနစ်မှာ ဂျီရော့က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဘီလာရုပ်အသင်းအတွက်တစ်ဂိုးတည်းသောချေပဂိုးကိုတော့ ၄၄ မိနစ်မှာ ဆီရိုကာ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒိနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of the Match ကိုတော့ ပြင်သစ်ကွင်းလယ်ကစားသမား မာတွီဒီ က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။