WLCပွဲမှာ ထွန်းထွန်းမင်းမပါတော့တဲ့အကြောင်းအရင်း

မြန်မာ့လက်ဝှေ ကျော်ထွန်းထွန်းမင်းဟာဒေ့ဗ်နဲ့ထိုးသတ်ပြီးကတည်းကခြေထောက်ဒဏ်ရာရရှိနေခဲ့ပါတယ်။ဒဏ်ရာအကင်းမပျောက်သေးဘဲWLC 1တုန်းကဝင်ထိုးသတ်

လိုက်ပါသေးတယ်။ဒါပေမယ့်အဲ့ပွဲအပြီးမှာပဲထွန်းထွန်းမင်း

ဒဏ်ရာဟောင်းပြန်နာလာတာကြောင့်ထပ်မံအနားယူခဲ့ရပါတယ်။အခုWlCပွဲကြီးထပ်မံကျင်းပပါတော့မယ်။အစကက

ထွန်းထွန်းမင်းပြန်ထိုးမယ်လို့သတင်းတွေထွက်ခဲ့ပေမယ့်

တကယ်တမ်းတွဲဆိုင်းတွေထွက်လာတော့သူပါမလာခဲ့ပါဘူး။

ထွန်းထွန်းမင်းဘာကြောင့်မပါခဲ့ရတယ်ဆိုတာကို

WLCတည်ထောင်သူကိုဇေသီဟကခုလိုရှင်းပြပါတယ်။သူက

ထွန်းထွန်းမင်းကိုWLCပွဲထက်

ပိုချစ်တဲ့သူပါ။ထွန်းထွန်းမင်းကိုမသိချင်ယောင်ဆောင်ပြီး

WLCမှာထိုးခိုင်းလို့ရပေမယ့်သူမလုပ်ပါဘူးလို့ပြောပါတယ်။

ထွန်းထွန်းမင်းအနေနဲ့ဒဏ်ရာအရှင်းပျောက်မှထိုးစေ

ချင်တယ်။ထွန်းထွန်းမင်းဘဝတစ်ခုလုံးပေးလိုက်ရတဲ့ပြိုင်ပွဲမျိုး

မမြင်ပါရစေနဲ့လို့သူ့စေတနာပြောပြပါတယ်။

ကိုဇေသီဟဟာထွန်းထွန်းမင်းနဲ့ဆလာဒိုက်တွဲဆိုင်းကို

WLCမှာထည့်ဖို့စီစဉ်ထားပေမယ့်ထွန်းထွနိးမင်းဘက်ကဒဏ်ရာပျောက်ကင်းပြီဆိုတဲ့ဆေးစာထောက်ခံချက်ပြဖို့အဆင်

မပြေတာကြောင့်ထွန်းထွန်းမင်းနေရာမှာတစ်ခြားလက်ဝှေ့သမားတစ်ယောက်ကိုအစားထိုးစေခဲ့ပါတယ်။ထွန်းထွန်းမင်းမပါပေမယ့်လည်းသူ့သူငယ်ချင်းဖြစ်တဲ့

လက်ဝှေ ့ကျော်တူးတူးနဲ့မိုက်ကယ်ဘဒါတိုတို့ရဲ့တွဲဆိုင်း၊

စိုးလင်းဦးနဲ့အူမာတို့ရဲ့ပွဲတွေပါဝင်နေပါတယ်။ဒါ့အပြင်

တစ်ကျော့ပြန်လက်ဝှေ ့သမားကြီးစောငမန်းနဲ့

တကိလူအက်ဒီဖာရယ်တို့ရဲ့ပွဲတွေပါနေတာမို့WLC-3ကတော့

စိတ်လှုပ်ရှားစရာတွေပါပဲ။WLC-3ပွဲတွေကိုတော့နိုဝင်ဘာလေးရက်နေ်သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာကျင်းပသွားမှာပါ။

Source-WLC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။