အဆိုတော် ပူစူးက ဝါရင့်တေးသံရှင်ဖြစ်တဲ့ ဂျေမောင်မောင်ဆီက ချီးကျူးစကားကို ကြားခဲ့ရတယ်လို့ သိရပါတယ်။ ဝါရင့်အဆိုတော်ဖြစ်တဲ့ ဂျေမောင်မောင်က ပူစူးကို ဖုန်းဆက်ပြီး ချီးကျူးစကားပြောခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပူစူးရဲ့တစ်ကိုယ်တော် Album ဖြစ်တဲ့ “ဘုရားစူးအဆိုတော်” အခွေနဲ့ ပတ်သက်ပြီး ချီးကျူးစကားဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ေ၈ျမောင်မောင်ထံမှ ချီးကျူးစကားကြားခဲ့ရတဲ့အတွက် သူအနေနဲ့ အခွေပေါင်း သိန်းချီရောင်းရတာထက် အားရှိတယ်လို့ ဆိုပါတယ်။

အဆိုတော်ပူစူးက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။ “ကျွန်တော်လေးစားအားကျရတဲ့တေးရေး/တေးဆို ဦးဂျေမောင်မောင်ကကျွန်တော့်ရဲ့`ဘုရားစူးအဆိုတော်´စီးရီးကို ဖုန်းဆက်ပြီးချီးကျူးစကားပြောတယ်။ သူလိုလူဆီကဒီလိုစကားမျိုးကြားရတာအခွေပေါင်းသိန်းချီရောင်းရတာထက်အားရှိပါတယ်။ ဈေးကွက်အရရောအခြားအခြေအနေအရပ်ရပ်အရပါ ဒီလိုခွေမျိုးနောက်တစ်ခွေထပ်လုပ်နိုင်ဖို့မရှိတော့ပါဘူး။ ။အဲ့ဒါကြောင့်ဒီခွေလေးကိုတော့အားလုံးကိုနားထောင်စေချင်တယ်..” လို့ ရေးသားထားပါတယ်။

“ဘုရားစူးအဆိုတော်” သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော် စီးရီးခွေ ဖြစ်ပြီး အခွေဟာ အရင်အခွေတွေနဲ့ လုံးဝမတူအောင် ကြိုးစားထားတယ်လို့ သိရပါတယ်။ အဆိုတော် ပူစူးက သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ တေးရေး၊ တေးဆို အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ရှိုးပွဲတွေ ဆက်တိုက်ဆိုနေရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ(၄၊ ၅၊ ၆) ရက်တွေမှာလည်း အခြားတေးသံရှင်များနှင့်အတူ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။