မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲမှာ နယ်သာလန်အသင်းဟာ ဆွီဒင်အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နယ်သာလန်အသင်းဟာ ဆွီဒင်အသင်းကို အနိုင်ရှိခဲ့ပေမဲ့ ဆွီဒင်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စုအဆင့် နဲ့ သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ရော်ဘင်ကတော့ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

နယ်သာလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရော်ဘင်၊ ဝစ်ဂျနယ်ဒယ်၊ ဂျက်ဆန်၊ ဘာဘယ်၊ ဗယ်ဟီနာ ၊ ဘလိုင်းတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆွီဒင်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာကပ်ဘက်၊ ထွိုင်ဗိုနမ်၊ ဖော့ဘက်၊ ဂျိုးဟက်ဆန်၊ လာဆင်၊ ကလာဆင်၊ လင်ဒီလော့ပ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နယ်သာလန်အသင်းဟာ တိုက်လျှောက်တိုက်စစ်ဆင် ကစားခဲ့ပြီး လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့ ဂိုးတွေကိုတော့ သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး

နယ်သာလန်အသင်းအတွက် ပွဲထွက်လူစာရင်းမှာတော့ ၁၆ မိနစ်မှာ ရော်ဘင် က ပယ်နယ်တီကနေတဆင့် သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နယ်သာလန်အသင်းအတွက် ဒုတိယဂိုးကိုလည်း ရော်ဘင်က မိနစ် ၄၀ မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The match ကိုတော့ ရော်ဘင်က ရရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။