ခုနောက်ပိုင်းမှာ ပိုပိုလှလာပြီး၊ ပိုပြီးတော့လဲ ဖက်ရှင်ကျလာတဲ့ ပုရိသတွေရဲ့အသည်း ရွှေမှုန်ရတီကတော့ သူ့ရဲ့အကြောင်းကို ယခုလိုပဲ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

ဖက်ရှင်ပိုင်းကို ပိုအသားပေးလာပြီး ဖက်ရှင်ကျကျဝတ်စားတတ်တဲ့ ရွှေမှုန်ကတော့ " အနက်ဆိုအနက်၊ အဖြူဆိုအဖြူ၊ ပန်းရောင်ဆိုပန်းရောင်လေးတွေ အားလုံးလိုက်ဝတ်ရတာက ိုကြိုက်တယ်။ နိုင်ငံခြားဖက်ရှင် Week တွေမှာဆိုလဲ အခုနောက်ပိုင်းက အရောင်ဆန့်ကျင့်ဘက်ထက် ကာလာတွေကို အဆက်လိုက်ပဲ ဝတ်ကြတော့တယ်လေ။ ပြီးတော့ဖက်ရှင်ပိုင်းကို ဘယ်သူမှမစီစဉ်ပေးဘူး။ ကိုယ်တိုင်ပဲ စီစဉ်တယ်။ ဘယ်သူမှ recommend ပေးလို့မရဘူး။ ဒါဝတ်ဆို ဟိုဟာဝတ်တယ်။ ညီမက အရမ်းဂဂျီဂဂျောင်ကျပြီး အရွဲ့တိုက်တတ်တဲ့အထဲမှာပါတယ်။"လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖက်ရှင်ပိုင်းမှာ Branded အဝတ်အစားတွေကိုပဲ ဝတ်ဆင်နေတဲ့သူမက " ညီမကညီမလုပ်ချင်တာဆိုရင် ဘာမှဂရုမစိုက်ပဲ လုပ်တတ်တဲ့အကျင့်ရှိတယ်။ အမေအဆဲခံပြီး လုပ်တဲ့အကွက်တွေပေါ့။ ပိုက်ဆံကုန်ပေါက်တွေ။ ဒါပေမဲ့ပိုက်ဆံကုန်မှန်းသိပေမဲ့ သဲကတော့ ခိုးဝယ်တာပဲ။ အမေကတစ်အားပိုက်ဆံကုန်လို့မကြိုက်ဘူး။ " လို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ကားတွေဆက်တိုက်ရိုက်နေတာနဲ့ ပတ်သတ်ပြီးတော့ ရွှေမှုန်မှ "ညီမကအလုပ်ကိုတန်ဖိုးထားတယ်။ အလုပ်ကိုပဲခေါင်းထဲထည့်တယ်။ ကျန်းမာရေးကို ဘယ်တော့မှဂရုမစိုက်ဘူး။ အလုပ်ကိုပဲဦးစားပေးတာ များတဲ့အတွက် ညီမကိုယ်ညီမ ထိခိုက်တာတော်တော်များပါပြီ။ဒါပေမဲ့ညီမအေးဆေးပါပဲ။အလုပ်ကပဲ ညီမအတွက်ပိုအရေးကြီးပါတယ်။ " လို့ပွင့်လင်းစွာပြောကြားခဲ့ပါတယ်။

Source : Local Media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။