ငှက်ပျော်သီးက ကောင်းကျိုးများစွာ ရှိပါတယ်။ ဒါပေမဲ့ ငှက်ပျောသီး နှစ်လုံးတည်းနဲ့ ၀ိတ်ချလို့ ရတယ်ဆိုရင်တော့ မယုံနိုင်ဖွယ် အံ့သြစရာတစ်ခု ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ ဘယ်လို ဆိုးကျိုးမှ မရှိတောကြောင့် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ရရှိလာမဲ့ အကျိုးဆက်ကလည်း သင်မျှော်လင့်ထားသလို ဖြစ်လာမယ်ဆိုတာ အမှန်ပါပဲ။  

အသုံးပြုပုံ နည်းလမ်းကတော့

မနက် အိပ်ရာက နိုးတဲ့အခါ ရေချိုး၊ မျက်နှာသစ်ပြီးတာနဲ့ မနက်စာကို ငှက်ပျောသီး နှစ်လုံးသာ စားပါ။ ပြီးလျှင် ရေတစ်ခွက် သောက်ပါ။ ထိုကဲ့သို့ ရ ရက် တိတိ ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို သိသိသာသာ လျော့ကျသွားစေပါလိမ့်မယ်။ တစ်ခု သတိထားရမှာတော့ ငှက်ပျောသီးကို တခြားသော အစားအစာများနှင့်တွဲဖက် မစားပါနဲ့ ။ အနည်းဆုံး ၁နာရီ ခြားပြီးမှ အခြားသော စားစရာများ စားသုံးပါ။ ဖြစ်နိုင်လျှင် နေ့လည်မှသာ နေ့လည်စာ စားပါ။ နေ့လည်စာကိုလည်း မပိုစေဘဲ ပုံမှန် စားသုံးပေးဖို့ လိုပါတယ်။ 

ထိုသို့ နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ရရက်ကြာပြီးနောက် သင်၏ ခန္ဓာကိုယ် အလေးချိန်က လျော့ကျသွားစေကိုမှာ လက်တွေ့ခံစားရမှာပဲ ဖြစ်ပါတယ်။ ၀ိတ်ချချင်တဲ့ သူငယ်ချင်းတွေကိုလည်း ဒီနည်းလေးကို မျှဝေပေးလိုက်ပါနော် …. ။

ငှက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကိုလည်း ဖော်ပြပါ

http://www.myanmarload.com/news/8122 link မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာ လှပတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ …

သတင်းအရင်းအမြစ် - YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။