ယခုဖြစ်စဉ်ကတော့ အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် လယ်ဖွေးကျေးရွာအနီး TNLA အကြမ်းဖက်သောင်းကျန်းသူများက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယခုလိုမြန်မာတပ်မတော်နှင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မြန်မာ့တပ်မတော်နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူများတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့လည်းသိရပါတယ်။ 

လယ်ဖွေးကျေးရွာနှင့် ပန်ဖကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက်သို့TNLA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ထွက်ပြေးသွားခဲ့သည့် ပန်ဖကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိလုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။

မြန်မာ့တပ်မတော်ရဲ့နယ်မြေရှင်လင်းရေးပြုလုပ်ဆောင်ရွက်စဉ် ခြောက်လက်၊ ကျည်မျိုးစုံ ၆၂၇၄ တောင့်၊ ကျည် အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးတစ်လုံး၊ ယမ်း ၁၆၀ တုံး၊ မှန်ပြောင်းတစ်လက်၊ အိုင် ကွန်နှစ်လုံး၊ အီကွေ့မန့် (Equipment) တစ်စုံ၊ ယမ်းမှုန့် ၄၀ ကျပ်သား၊ ယမ်းကြိုး ၁၁၁ ကိုက်၊ ဖိုက်ဘာပီပါအခွံ ကိုးလုံးနှင့် အက်စစ်ပါ တစ်လုံး၊ ဆာလဖျူရစ်အက်စစ် ၅ ဂါလန်ဆံ့ပုံး တစ်ပုံး၊ အိုင်အိုဒင်းဆား ၂၆ အိတ်၊ ဘိန်းမည်း ၁၃၂၂၂၅ ဂရမ်ခန့်၊ ဘိန်းဖြူ ၂၁၃၂ ဂရမ်ခန့်၊ ဘိန်းဖြူဘလောက် တုံး ၅၈၇ တုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀၀၀၀ ပြား၊ (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၆၃၀၀၀ ကျော်)တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။