နယ်သာလန်အသင်းခေါင်းဆောင် ရော်ဘင်ဟာ လက်ရွေးစင်ကစားသမားဘဝ ကနေတရားဝင်အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။နယ်သာလန်အသင်းဟာ ဆွီဒင်အသင်းကို အနိုင်ယူခဲ့ပေမဲ့ ဂိုးကွာခြားချက်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပြီးနောက် ရော်ဘင်က အခုလို အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဆွီဒင်အသင်းကို အနိုင်ရရှိတဲ့ ပွဲမှာ ရော်ဘင် ဟာ နှစ်ဂိုးလုံး သွင်းယူပေးခဲ့တာဖြစ်ပြီး Man Of The Match ဆုကို လည်း ရရှိခဲ့တာလည်းရှိပါတယ်။အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရော်ဘင် ဟာ နယ်သာလန်အသင်းမှာ ၂၀၀၃ ခုနှစ်က စတင်ကစားပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် နယ်သာလန်အသင်းနဲ့ ၉၆ ပွဲကစားပေးထားပြီး ၃၇ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်ဘင်ဟာ နယ်သာလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး လေးယောက်မြောက် ကစားသမားအဖြစ် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။နယ်သာလန်အသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တတိယနေရာနဲ့ ကျေနပ်ခဲ့ရပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှာတော့ ဗိုလ်လုပွဲမှာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ရော်ဘင်ကတော့ ကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် အပြည့်အဝ အာရုံစိုက်သွားမယ်လို့ ပြောခဲ့ပါတယ်။

source - bbc sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။