အူလှိိုုက်သည်းလိုက်ရီမောနေရတဲ့အောင်စေပိုင်စေ

ဒါရိုက်တာကျော်ဇောလင်းရိုက်ကူးထားတဲ့အောင်စေပိုင်စေ

ရုပ်ရှင်ဇာတ်ကားကြီးကိုရုပ်ရှင်ရုံတွေမှာပြသနေပါပြီ။

တဝါးဝါးတဟားဟားအူနှိပ်ပြီးရီမောနေရလို့

လာရောက်ကြည့်ရှူ ့သူပရိသတ်တွေအထူးကိုများပြားနေပါတယ်။လူမင်း၊နေတိုး

စတဲ့စူပါမင်းသားနှစ်လက်ပါဝင်သရုပ်ဆောင်ထားတဲ့

ဒီဇာတ်ကားဟာအက်ရှင်နဲ့ဟာသပေါင်းစပ်ရိုက်ကူးထားတဲ့

ရုပ်ရှင်ကားကြီးတစ်ကားပါ။ပုံမှန်ရိုက်နေကျမြန်မာဟာသ

ကားတွေကနေခွဲထွက်ဖို့ကြိုးစားထားတယ်လို့ဆိုလို့ရပါတယ်။

အောင်စေဆိုတဲ့လူတစ်ယောက်ဟာရွာလေးတစ်ရွာကို

ထူးဆန်းစွာရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီရွာလေးမှာ

သိုင်းဆရာကြီးတစ်ဦးနေထိုင်ပါတယ်။အောင်စေ

သိုင်းဆရာကြီးကိုစိန်ခေါ်ယှဉ်ပြိုင်အနိုင်ရပြီးအဲ့ဒီ

ရွာလေးမှာဗိုလ်ကျအုပ်ချုပ်နေပါတယ်။တစ်ရွာလုံး

မော်မကြည်ရဲ့အောင်ဆိုးပေပြနေတဲ့လူဆိုးကြီးအောင်စေပေါ့။

တစ်နေ့မှာပိုင်စေဆိုတဲ့ခရီးသွားလေးတစ်ယောက်အဲ့ဒီရွာလေးကိုရောက်လာပါတယ်။

ပိုင်စေကဗိုလ်ကျခံနေရတဲ့ရွာသားတွေ

ဘက်ကနေကူညီပြီးအောင်စေနဲ့ရင်ဆိုင်တိုက်ခိုက်ပါတယ်။

အနိုင်ရရှိသွားတာကပိုင်စေပါ။ရွာသားတွေကလည်း

ပိုင်စေကိုလက်ဆောင်တွေပေးကြတယ်။

အဲ့ဒီမှာဇာတ်ရဲ့မြုပ်ကွက်လေးတစ်ခုပေါ်လာပါတယ်။

အောင်စေနဲ့ပိုင်စေဟာတကယ်တော့သူငယ်ချင်း

တွေဖြစ်ပြီးလူလိမ်တွေပါ။ဒီလိုနဲ့သူတို့နှစ်ယောက်ပေါင်း

ပြီးလိမ်လာလိုက်တာရွာလေးတစ်ရွာကိုရောက်တော့

မထင်မှတ်ထားတဲ့ပြသနာတစ်ခုပေါ်လာပါတယ်။

အောင်စေသူ့ပုံစံအတိုင်းရွာသားတွေကိုဆိုးမိုက်တဲ့

ပုံစံနဲ့လာလိမ်ဖို ့ကြိုးစားရင်းတကယ့်လူဆိုးဖြစ်တဲ့

ဓားပြဗိုလ်ကြီးနဲ့တွေ့တဲ့အခါ.....

ဘာဆက်ဖြစ်ကြမလဲဆိုတာတော့ရုံမှာပြေးကြည့်လိုက်ကြပါဗျို ူ။ရွာသားတွေနေရာမှာနာမည်ကြီးဟာသလူရွှင်တော်တွေ

ဖြစ်တဲ့ဌက်ပျောကြော်၊ညောင်ညောင်တို့နဲ့ဖိုက်စတား

အဖွဲ့တို့ပါပါဝင်သရုပ်ဆောင်ထားလို့ကြည့်မိသူတိုင်းတဝါးဝါးတဟားဟားဖြစ်နေမှာအသေအချာပါ။သွားကြည့်လိုက်ကြနော်

ပရိသတ်ကြီး..

Source- Aung Say Paing Say Movies


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။