အမြင်ကျယ်ဖို ့အတွက် စာဖတ်သင့်သည်

ကမ္ဘာကြီးသည် ကျယ်ပြန် ့လှသည်။ သင်ယူစရာတွေက များပြားလှသည်။ ကိုယ့်နယ်ပယ်တွင်တောင် သင်ယူစရာတွေကများပြားလှသည်။ ကိုယ့်ကမ္ဘာ ့ငယ်ထဲတွင် မနေသင့်ပါ။ မွေးကတည်းက ဘယ်သူမှ မသင်ပေး ၊ မပြောပြပါက မသိနိုင်ပါ။ ကမ္ဘာကြီးက တစ်ခြားနိုင်ငံ ၊ တစ်ခြားယဉ်ကျေးမှုများ ၊ တစ်ခြားနိုင်ငံက သမိုင်းဝင်အဖြစ်အပျက်များ ဥပမာ- နပိုလီယံဧ။်ဝါတာလူးစစ်ပွဲ ၊ ဒုတိယကမ္ဘာစစ်အကြောင်း ၊ ပထမကမ္ဘာစစ်အကြောင်း ၊ ဒုတိယကမ္ဘာစစ်ဘာကြောင့်ဖြစ်လဲ စတာတွေကိုဖတ်ရှုလေ ့လာကာ အသိအမြင်ကျယ်ပြန် ့လာအောင်လုပ်သင့်ပါသည်။ ထိုသို ့သိလာပါက ဘာလို ့ဖြစ်တယ် ၊ ဒီလိုတွေဖြစ်ခဲ့ပါလားစပြီး အမြင်ကျယ်စေပါသည်။

စီးပွားရေးသမားများသည် အမြင်ကျယ်ဖို ့လိုအပ်ပါသည်။ စီးပွားရေးသည် ပို်က်ဆံရှာဖို ့တစ်ခုတည်းမပာုတ်ပါ။ လူတွေကို ကူညီဖို ့၊ လူတွေလိုအပ်တဲ့ အရာတစ်ခုကိုဖြည့်ဆည်းပေးဖို ့ဖြစ်ပါသည်။ အမြင်ကျယ်ပါက ကိုယ့်စျေးကွက်ကို နိုင်ငံတစ်နိုင်ငံထဲကိုပဲ ပစ်မှတ်ထားခြင်းထက် တစ်ခြားနိုင်ငံများ ဥပမာ- ဥရောပနိုင်ငံများ ၊ တောင်အမေရိကတွင်ရှိသောနိုင်ငံများ စသည်တို ့ကို ပစ်မှတ်ထားကာ စျေးကွက်ကို ကြီးမားလာအောင်ဖြန် ့နိုင်ပါသည်။ စျေးကွက်ဖြန် ့နိုင်ပါက ပိုရောင်းရနိုင်ပြီး အမြတ်ပိုရနိုင်ပါသည်။

ကိုယ့်ဘဝတိုးတက်ဖို ့အတွက်စာဖတ်သင့်သည်

Self-development ( ကိုယ့်ဘဝကို တိုးတက်အောင်လုပ်ခြင်း ) အတွက် စာဖတ်ဖို ့လိုအပ်ပါသည်။ နာမည်ကြီးသောစာရေးဆရာ John C. Marxwell စာအုပ်များကိုဖတ်ခြင်းအားဖြင့် ကိုယ့်ဘဝကို တိုးတက်အောင်ကြိုးစားနိုင်ပါသည်။ ကိုယ့်အားနည်းချက်ကို ကိုယ်သိပါသည်။ ကိုယ်က စိတ်ဓာတ်ကျနေရင် စိတ်ဓာတ်တက်ကြွစေတဲ့ စာတွေကိုဖတ်သင့်ပါသည်။ အချိန်ဆွဲတတ်ရင် အချိန်မဆွဲတော့အောင် စိတ်ပညာ ၊ ဦးနှောက်ပညာရပ်ကျွမ်းကျင်သူတွေကရေးထားတဲ့ဆောင်းပါးတွေ ၊ စာအုပ်တွေကိုဖတ်သင့်ပါသည်။ ဒါမှသင်ယူနိုင်ပြီး အချိန်မဆွဲတော့ဖို ့အတွက် လုပ်ဖို ့အရာတွေကိုသိလာနိုင်ပြီး ဘဝကတိုးတက်ဖို ့အတွက် နီးစပ်လာနိုင်ပါသည်။ ကိုယ့်အားနည်းချက်မှန်သမျှကို စာအုပ်တွေဖတ်ပြီးတိုးတက်လာအောင် ကြိုးစားသင့်ပါသည်။

ကိုယ့်အရည်အချင်းတွေ အကောင်းဆုံးဖြစ်လာအောင် ၊ ကိိုယ့်အားနည်းချက်တွေ တိုးတက်လာအောင် ၊ ကိုယ့်ကိုကိုယ်အမြဲတမ်း ဖြေးဖြေးချင်း အားနည်းတဲ့နေရာမှန်သမျှတွင် တိုးတက်လာအောင် ၊ ဘက်စုံတိုးတက်လာအောင် စာဖတ်သင့်ပါသည်။ Life Coach ဆိုသည့် ဘဝအောင်မြင်ရေးအကြံပေး တစ်ယောက်က ကိုယ့်အားနည်းချက်မှန်သမျှကို ဖြေရှင်းဖို ့အတွက် ဖြေရှင်းချက်အဖြေတွေမပေးနိုင်ပါ။ လူတစ်ယောက်တွင်လည်း သူသိတာတွေသည် ကန် ့သတ်ချတ်ရှိပါသည်။ ကန် ့သတ်ချင်မရှိတာကတော့ စာအုပ်တွေပဲဖြစ်ပါသည်။ စာအုပ်တွေက သန်းနဲ ့ချီပြီးရေးထားတာတွေရှိပြီး သင်ယူစရာတွေက အကန် ့အသတ်မရှိဖြစ်ပါသည်။ ထို သန်းနဲ ့ချီပြီးရှိတဲ့စာအုပ်တွေထဲက ကောင်းတာလေးတွေကို စာကြည့်တိုက်မှူး ၊ ကိုယ်စိတ်ဝင်စားသော နယ်ပယ်ကဆရာတွေကိုမေးပြီးတော့ ကောင်းတာတွေကိုရွေးဖတ်နိုင်ပါသည်။

လုပ်ချင်တာမှန်သမျှကို စာအုပ်ဖတ်တာနဲ ့သင်ယူနိုင်ပါသည် 

ဥပမာ-Investment Banking ( ရင်းနှီးမြုပ်နှံသည့် ဘဏ်လုပ်ငန်း ) အကြောင်းကို သိချင်ရင် ထိုအကြောင်းအရာနှင့်ပတ်သတ်သော စာအုပ်များကိုဖတ်နိုင်ပါသည်။ စာအုပ်များကိုဖတ်ပြီး သင်ယူနိုင်ကာ သိနိုင်ပြီး ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိနိုင်ပါသည်။ Consulting( အကြံပေးလုပ်ငန်း )လုပ်ငန်းကိုလုပ်ချင်ရင် ထိုအကြောင်းအရာနှင် ့ပတ်သတ်သော စာအုပ်များကိုဖတ်ရှုနိုင်ပါသည်။ Case study Interview ( ပြဿနာများကိုဖြေရှင်းပြရသည့်အင်တာဗျူး ) အကြောင်းကို လေ့လာနိုင်ပြီး ကြိုတင်လေ့ကျင့်နိုင်ကာ ထိုလုပ်ငန်းကို လုပ်ဖို ့အတွက် နက်နဲသောအသိများ ၊ ထိုလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်လာခဲ့သော သူများဧ။်နက်နဲသော အတွေးအမြင်များကိုသိနိုင်ပါသည်။ ထိုလုပ်ငန်းတွင် အောင်မြင်ဖို ့အတွက် ဘာလုပ်ရမယ်ဆိုတာလည်း သိလာပါသည်။

Investing( ရင်းနှီးမြုပ်နှံခြင်း ) ကိုလုပ်ချင်ရင် ထိုနယ်ပယ်ကိုအဓိကထားပြီး ကမ္ဘာပေါ်တွင်ဒုတိယအချမ်းသာဆုံးဖြစ်သွားသော Warren Buffet ဧ။် ရင်းနှီးမြုပ်နှံခြင်းနည်းဗျူပာာများ ၊ လုပ်နည်းများ - ဘာတွေလုပ်သင့်တယ် ၊ မလုပ်သင့်တယ်စတာတွေကို ရေးထားတဲ့စာအုပ်တွေကို ဖတ်နိုင်ပါသည်။ ထိုသို ့ဖတ်ပြီးတဲ့အခါ ဘာလုပ်ရမယ်ဆိုတာကိုသိလာပြီး ချမ်းသာချင်တဲ့ရည်ရွယ်ချက်ကို တကယ်လက်တွေ ့ဖြစ်လာအောင်လုပ်နိုင်ပါသည်။ Warren Buffet ကိုယ်တိုင်စာအုပ်ပေါင်းမြောက်များစွာကို ရင်းနှီးမြုပ်နှံသည့်စီးပွားရေးသမားဘဝ အစပိုင်းတွင် ဖတ်ခဲ့ကြောင်းကို အင်တာဗျူးတစ်ခုတွင် ပြောခဲ့ပါသည်။

စာဖတ်သူလည်း ကိုယ်လုပ်ချင်တာမှန်သမျှကို စာဖတ်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာကိုသိပြီး တကယ်လက်တွေ ့လုပ်နိုင်ပါသည်။လုပ်တဲ့အခါလည်း ဘာလုုပ်ရမယ်ဆိုတာကိုသိတဲ့အတွက် အောင်မြင်အောင်လုပ်နိုင်ပါသည်။

ပိုပြီးစဉ်းစားစေသည်

စာများများဖတ်လေ ပိုပြီးစဉ်းစားတတ်လေဖြစ်ပါသည်။ အတွေးတစ်ခုကနေ နောက်အတွေးတစ်ခုကို ဦးတည်စေပါသည်။ ထိုသို ့တွေးလာသည့်အခါ ဦးနှောက်ကိုလည်း အလုပ်ပေးရာဖြစ်ပါသည်။ ဦးနှောက်သည် ကြွက်သားတစ်ခုလိုဖြစ်ပါသည်။ စဉ်းစားပါများလေ ပိုပြီးစဉ်းစားတတ်လေဖြစ်ပါသည်။ စာဖတ်ခြင်းသည် စဉ်းစားစေပြီး စဉ်းစားတာများလာပါက စဉ်းစားရာတွင်ပိုတော်လာမည်ဖြစ်ပါသည်။ ဦးနှောက်ကိုသုံးပြီး စဉ်းစားသူနှင့် ဦးနှောက်မသုံးဘဲ လုပ်သောသူနှစ်ယောက် လုပ်နည်း ၊ ရလဒ်များလည်း ကွာခြားပါသည်။ စဉ်းစားပြီးလုပ်သောသူ လုပ်နည်းသည် ထိရောက် မြန်ဆန်ပြီး ရလဒ်သည်လည်း လိုချင်သောရလဒ်ဖြစ်ပါသည်။ ဦးနှောက်ကိုသုံးတတ်လာအောင် လေ့ကျင့်သင့်ပါသည်။ စာဖတ်ခြင်းသည် ဦးနှောက်ကိုလေ့ကျင့်ပေးပါသည်။

ပြဿနာတွေကိုဖြေရှင်းတတ်လာသည်

လက်တွေ ့ဘဝတွင် ပြဿနာများပေါ်လာတတ်ပါသည်။ ထိုပေါ်လာသော ပြဿနာများကို စာဖတ်ခြင်းကရလာသော ဗပာုသုတများနှင့်ဖြေရှင်းနိုင်ပါသည်။ ထိုအခါ ကိုယ်သည်အများအားကိုးရသောလူတစ်ယောက်ဖြစ်လာနိုင်ပါသည်။ ကိုယ့်အတွက်လည်း အသုံးဝင်ပါသည်။

မှတ်စုစာအုပ်ထုတ်ခြင်း

မှတ်စုစာအုပ်လေးတစ်အုပ်ကိုထားပါ။ ပြီးရင် ဖတ်ပြီးတဲ့စာအုပ်တွေက ကိုယ်မှတ်ချင်တဲ့အရာလေးတွေကို ချရေးထားပါ။ စာအုပ်နာမည်ကိုရေးပါ။ စာအုပ်က စာမျက်နှာကိုလည်းရေးပါ။ ထိုသို ့လုပ်သောအခါ ကိုယ်ကအနာဂတ်တွင် ပြန်အသေးစိတ်ဖတ်ချင်ရင် စာအုပ်နာမည်သိမှ ၊ စာမျက်နှာကိုသိမှ အတိအကျ ပြန်သွားလို ့ရတာပါ။

မှတ်စုစာအုပ်ထဲတွင် စာအုပ်နာမည်နှင့်တွဲကာ သင်ခန်းစာများကို ချရေးပါ။

သင်ခန်းစာများကို ချရေးရင် ထိုစာအုပ်ကိုဖတ်လို ့ရလာတဲ့ သင်ခန်းစာတွေကို ပြန်လည်အလွယ်တကူဖတ်ရှုနိုင်ပါသည်။ စာအုပ်တစ်အုပ်ကိုဖတ်ပြီးတဲ့အခါတိုင်း ထိုစာအုပ်က သင်ခန်းစာများကို ချရေးပါ။ စာအုပ်တွေအများကြီးဖတ်ပြီးတဲ့အခါ သင်ခန်းစာတွေကအများကြီးဖြစ်လာပြီး အင်မတန်တန်ဖိုးရှိတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်လာပါသည်။ ကိုယ်ဖတ်ဖူးသမျှစာအုပ်တိုင်းကို သွားလေရာသယ်ဖို ့ဆိုတာ မလွယ်ကူပါ။ ကိုယ်က စာအုပ်(၂၀)လောက် ဖတ်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ထိုစာအုပ်(၂၀)ကို ခရီးသွားရင် သယ်ဖို ့မလွယ်ပါ။ ကိုယ့်ခရီးသွားအိတ်နဲ ့တင် ပင်ပန်းနေပါသည်။ စာအုပ်တစ်အုပ်နှစ်အုပ်ပဲ သယ်နိုင်ပါသည်။ ထိုမှတ်စုစာအုပ်လေးကို ခရီးသွားရင် သယ်သွားနိုင်ပြီး စာအုပ်ပေါင်းမြောက်များစွာက ရလာသော သင်ခန်းစာများကို တစ်အုပ်ထဲတွင် ဖတ်ရှုလေ့လာနိုင်သောအခါ အင်မတန်အဖိုးတန်လှပါသည်။ ကိုယ့်တွင်ပြဿနာတစ်ခုရှိလာရင် ထိုမှတ်စုစာအုပ်သို ့ပြန်လည်သွားပြီး အကြံညဏ်တောင်းသလိုမျိုး သင်ခန်းစာတွေကို ပြန်လည်ဖတ်ရှုကာ ကိုယ့်လက်တွေ ့ဘဝက ပြဿနာများကိုဖြေရှင်းဖို ့အတွက် အသုံးချနိုင်ပါသည်။

စာဖတ်သောအခါ ဘယ်လိုပုံစံနဲ ့ကိုယ့်ရည်မှန်းချက်တွေကို အောင်မြင်နိုင်အောင်လုပ်နိုင်တယ်ဆိုတာကိုသိလာသည်။ ဘာတွေလုပ်ရမယ်ဆိုတာလည်း သိလာသည်။ ကိုယ့်အမြင်ကကျယ်လာသည်။ ကိုယ်က အများကြီးသိလာသည်။ တစ်ခုခုလုပ်လိုက်ရင် နောက်ဆက်တွဲအကျိုးရလဒ်တွေကိုသိလာသည်။ အောင်မြင်အောင်လုပ်ဆောင်ခဲ့သောသူများ လုပ်တာတွေကိုသိလာပြီး ထိုအရာတွေကသူတို ့အတွက်အောင်မြင်ခဲ့တယ်ဆိုရင် ကိုယ့်အတွက်လည်းအောင်မြင်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ ့ကိုယ့်ဘဝတွင် ကြိုးစားပြီးလုပ်နိုင်သည်။ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ ဥပမာ- ကုလသမ္မဂအဖွဲ ့အစည်းဧ။်အတွင်းပိုင်းဖွဲ ့စည်းပုံများ ၊ လုံခြုံရေးကောင်စီဧ။် အတွင်းပိုင်းအလုပ်လုပ်ပုံများကို စာအုပ်ဖတ်ရုံနှင့်သိနိုင်ပါသည်။ ကုလသမ္မဂထဲအဆောက်အအုံထဲကို သွားပြီးတော့တောင် မေးစရာမလိုတော့ပါ။ သီချင်းရေးတာကို သင်ချင်ရင် စာအုပ်တွေကိုဖတ်ပြီး ကိုယ့်ပာာကိုယ်ရေးတတ်အောင် ဖတ်ရှုလို ့ရပါသည်။ Formal education ( ကျောင်းတက်ဘွဲ ့ရ ) ခြင်းသည် အလုပ်တစ်ခုကို ရစေမည်။ သို ့သော် Self-education သည် အကန် ့အသတ်မရှိသော ၀င်ငွေနှင့် အကန် ့အသတ်မရှိသော အောင်မြင်မှုများကို ရရှိဖို ့အတွက် ကူညီပေးသည်။ ဖတ်ပြီးတော့ သိထားတာတွေကို တကယ်လက်တွေ ့တွင် အသုံးချဖို ့လိုအပ်ပါသည်။ ဒါပေမဲ့ ရည်မှန်းချက်ရှိရင် ဖတ်ပြီး သိပြီးတာနဲ ့အလိုလိုလုပ်ပြီးသား ဖြစ်သွားပါသည်။ Bill Gate သည် ဘာဘွဲ ့မှမရခဲ့ပါ။ ပာားဗတ်ကနေ ပထမနှစ်ကျောင်းသားဘဝနဲ ့ထွက်လာပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို စတင်လုပ်ဆောင်လာပါသည်။ သူသည် စာအုပ်တွေ အများကြီဖတ်ပါသည်။ ကွန်ပြူတာနဲ ့ပတ်သတ်တာတွေထက်ကိုပိုပြီး တစ်ခြားလူ ့ဘဝအကြောင်းကိုလဲ ဖတ်ပါသည်။ စီးပွားရေးတွင် လူ ့ဘဝအကြောင်းကို နက်နက်နဲနဲနားလည်ဖို ့လိုအပ်ပါသည်။ သူသည် ကွန်ပြူတာကို အဓိကထားတီထွင်သော်လည်း ထိိုကွန်ပြူတာနှင့် နည်းပညာများကို တကယ့်လက်တွေ ့ဘဝတွင် ဘယ်လိုအသုံးချနိုင်တာကို သိဖို ့အတွက် စာဖတ်ဖို ့လိုအပ်ပါသည်။ ကိုယ်သိချင်တာမှန်သမျှကို သိချင်ရင်စာအုပ်ဖတ်လိုက်တာနှင့်ရပါသည်။ ဆရာမရှိလို ့သင်တန်းမတက်နိုင်လို ့အကြောင်းအရာတွေနှင့် ကိုယ့်ကိုကိုယ်မရပ်တန် ့သင့်ပါ။ ကိုယ်လုပ်ချင်တာတွေမှန်သမျှကို စာဖတ်ရုံနှင့်လုပ်လို ့ရနိုင်ပါသည်။ ထိုအခါ ဆရာနှင့်သင်မှ အပြည့်အဝနားလည်မည်ပာု တစ်ချို ့ကပြောကြပါလိမ့်မည်။ သို ့သော် ပိုက်ဆံမတတ်နိုင်သောသူများအတွက် စာဖတ်ခြင်းသည်သာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပါသည်။

စာဖတ်ခြင်းသည် ကိုယ့်ဘဝအားနည်းချက်မှန်သမျှကို တိုးတက်စေဖို ့လုပ်စရာများ သိစေပြီး ကိုယ်လိုချင်သည့်အရာများကိုလည်း ရဖို ့အတွက် ကူည်ီပေးပါသည်​။

credit - original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။