သင်္ဘောသီးထောင်းသည် မြန်မာအမျိုးသမီးတော်တော်များများ ကြိုက်နှစ်သက်သော အစာဖြစ်ပါသည်။ သင်္ဘောသီးမှည့်က ကျန်းမာရေးအတွက် သင့်လျော်သော အသီးတစ်မျိုးဖြစ်သော်လည်း သင်္ဘောသီးစိမ်းကို ရေခဲသေတ္တာနှင့် သေချာမသိမ်းလျှင် (Listeria) ဟုခေါ်သည့် ပိုးမွှားတစ်မျိုးက ကိုယ်ဝန်က်ို ပျက်စီးစေနိုင်ပါသည်။

သင်္ဘောသီးစိမ်းတိုင်းတွင် ပိုးပါမည်ဟု မဆိုလိုပါ။ သို့သော် ကိုယ်စားသော သင်္ဘောသီးသုတ်တွင် ပိုး ပါမပါ မသိနိုင်၍ ရှောင်ရှားနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ သင်္ဘောသီးစိမ်းထည့်သော လက်သုပ်များ၊ အသုတ်စုံများတွင်လည်း ပိုးပါဝင်နိုင်ပါသည်။ အခြားသာ အသီးများကို စားတိုင်းလဲ သေသေချာချာဆေး၍ စားပါ။ မစားဖြစ်သေးရင် ရေခဲသေတ္တာထဲ သေချာသိမ်းပါ။

အလားတူရောဂါပိုးပါနိုင်သော ကိုယ်ဝန်ပျက်စီးစေနိုင်သည့် အစားအစာများမှာ

၁/ မကျက်တကျက်ချက်ထားသော အသားနှင့် ဥ အမျိုးမျိုး

(မှတ်ချက်-ကျက်အောင်ချက်ထားသော်လည်း ရေခဲသေတ္တာထဲ သိမ်းထားပြီး ပူအောင် သေချာနွှေးမစားလျှင် ပိုးပါနိုင်ပါသည်)

၂/ သေချာစွာ မချက်ပြုတ်ထားသော ကြက် ဝက် တို့၏ အသဲကလီစာများ (ဝက်သားဒုတ်ထိုး စားသူများသတိပြုရန်)

၃/ ပင်လယ်စာ အစိမ်းများ (sushi စားသူများသတိပြုရန်)

၄/ မကျိုပဲသောက်သော တိရိစ္ဆာန်နို့စိမ်းများ ( ဥပမာ ဆိတ်နို့)

၅/ ပျော်နေသော ရေခဲမုန်ပျော့, cheese -ဒိန်ခဲ ရေခဲမုန့် နဲ့ cheese စသော နို့ထွက် ပစ္စည်းများ ပြုလုပ်ရာမှာ သုံးတဲ့ နွားနို့က အစိမ်းဖြစ်နေခဲ့သော် ရောဂါပိုးပါနိုင်ပါသည်။

( မှတ်ချက်-အေးခဲပြီးမာခဲနေသော ရေခဲမုန့်ထဲတွင်ရောဂါ ပိုးမရှင်နိုင်၍ ရေခဲမုန့်ကို အလွန်စားချင်လျှင် စားလို့ရပါသည်။)

-Child Health Myanmar Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။