မင်းသမီးချောလေး ပိုးကြာဖြူခင်က မကြာခင်ပြသမယ့် ဇာတ်လမ်းတွဲမှ သူမရဲ့ ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာ အတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ MRTV-4 မှာ မကြာခင် ရိုက်ကူးပြသသွားမယ့် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ “မိုးကောင်းကင်အိမ်မက်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဆိုင်းမိုင် ဆိုတဲ့ အမျိုးသမီး အဓိက ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

“ဆိုင်းမိုင်နေရာ ကို ယုံကြည်စွာ ပေးအပ်ခဲ့သူ အားလုံးကို အမှန်တကယ်ပဲ ကျေးဇူးတင်ပါတယ်ရှင် ? အမှတ်မထင်ပဲ တိုက်ဆိုင်စွာ ရခဲ့တဲ့ ဒီကာရိုက်တာကို ကျွန်မ ပိုးကြာဖြူခင် တာဝန်ကျေအောင် အစွမ်းကုန်ကြိုးစားပါ့မယ်ရှင့် တစ်နေ့ထက် တစ်နေ့ ပိုသိလာ ခံစားမိလာတာက ဒီ serie မှာ ပါဝင်တဲ့ talent တွေရော third party ဝါရင့်သရုပ်ဆောင်ကြီးတွေရော မြန်မာဘက် ထိုင်းဘက်မှ တာဝန်ရှိသူအားလုံးရော အခက်အခဲများကြားက ညှိနှိုင်းမှုပေါင်းများစွာနဲ့ တက်ညီလက်ညီ လက်တွဲ ရိုက်ကူးခဲ့ကြလို့ ကျွန်မ ဒီ serie မှာ အဓိက သရုပ်ဆောင် ဖြစ်ခွင့်ရတာဟာ အင်မတန် ကံထူး ကံကောင်းလွန်းပါတယ် လို့ ခံစားမိပါတယ်ရှင့် အဖွဲ့သားအားလုံးရဲ့ မေတ္တာကိုခံယူပါတယ် တကယ် လည်းကျေးဇူး အရမ်းတင်ပါတယ်ရှင် ပင်ပန်းခဲ့ကြတဲ့အတွက်လဲ အားလုံး fighting ပါ..” လို့ ပြောထားပါတယ်။

MRTV-4 ရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ “ဝင်္ကပါစံအိမ်” ဇာတ်လမ်းတွဲ နှင့် ပရိသတ် အခိုင်အမာအားပေးမှု အခိုင်အမာ ရရှိခဲ့ပြီး ဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ဇာတ်ကားကြီးများမှာလည်း ပါဝင်သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။ “မမထိပ်နှင့်အမွေဆိုင်အိမ်” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး “ဖွားဖက်တော်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေ အနေနဲ့ကတော့ ဇာတ်ကားများရိုက်ကူးနေပြီး ကြေညာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။