Relationship တစ်ခုတည်ဆောက်လိုက်တာနဲ့ အဲ့ဒီ RS ကိုတည်ဆောက်သူ (၂)ယောက် ကြားအဓိက လိုအပ်တာ “နားလည်မှု”ပါ ။ အာလုံးကြားဖူးပြီးသား စကားလုံးလေးဖြစ်တဲ့ နားလည်မှု ဆိုတာသာမာန် မြန်မာအက္ခရာ (၃)လုံပေါင်းစပ်ထားတဲ့စကားစုလေးတစ်ခုပါ။ လူတိုင်းရင်းနှီးပြီးသားစကားလေး ဖြစ်တဲ့ နားလည်မှုဆိုတဲ့စကားလုံးလေးဟာ အရမ်းရှိးရှင်းသော်လည်း RS တစ်ခုကြားမှာတော့တည်ဆောက်ရအလွန်ခက်ခဲပါတယ်။ ချစ်သူ၂ဦးအပြန်အလှန်နားလည်မှုရှိပါ ပြောကြပေမယ့် တကယ်လက်တွေ့မှာ တည်ဆောက်ရအတော့်ကိုခက်ပါတယ်။ နားလည်မှုတည်ဆောက်ပြီးအချိန်ကာလကြာလာတာနဲ့အမျှ သံယောဇဉ်၊ယုံကြည်မှု၊သစ္စာဆိုတဲ့အရာတွေတိုးလာပြီး မိမိတို့ RS ကိုရေရှည်တည်မြဲအောင်လုပ်ဆောင်ကြရတာဖြစ်ပါတယ်။

တကယ်တော့ အချစ်ဆိုတာ မတူညီတဲ့ မိသားစု (၂)စုက ဆင်းသက်လာတဲ့ မတူညီတဲ့လူ(၂)ယောက်ပေါင်းသင်းဆက်ဆံရေးတစ်ခုပဲဖြစ်ပါတယ်။ Type ချင်းမတူနိုင်သလို ကွဲပြားမှုတွေအများကြီးရှိနိုင်ပါတယ်။ဒီလိုမတူညီတဲ့ လူ(၂)ယောက်ပေါင်းသင်းဆက်ဆံဖို့ ကြားကနေ ဆက်သွယ်ပေးထားတဲ့ကြိုးမျှင်မျှင်လေးတစ်ချောင်းကို ‘အချစ်’ လို့ဆိုနိုင်ပါတယ်။ အချစ်ဆိုတဲ့ကြိုးလေးကအရမ်းသေးမျှင်တဲ့အတွက် အချိန်မရွေးပြတ်တောက်သွားနိုင်ပါတယ်။ အဲ့ဒီကြိုးခိုင်မြဲနေစေဖို့ အပေါ်က နားလည်မှု၊ယုံကြည်မှု၊သစ္စာ စတဲ့ အရာလေးတွေကထပ်မံအုပ်မိုးပြီး ကြိုးလေးကာကွယ်ထားရတာဖြစ်ပါတယ်။

ယနေ့ခေတ် လူငယ်တွေ ကြား ချစ်ကြတယ်၊ပြတ်ကြတယ်၊စသည့်ဖြင့် အကြောင်းအမျိုးမျိုး ကြောင့်ပြသနာဖြစ်နေတာတွေ့ရပါတယ်။ ဘာကြောင့်လွယ်လွယ် နဲ့ RSတွေ ပြိုကွဲနေကြရပါလဲ? အဖြေကရှင်းပါတယ် အချစ်ဆိုတာ အလွန်သေးငယ်ပြီး အချိန်မရွေးပြတ်တောက်သွားနိုင်တဲ့ ကြိုးလေးတစ်ချောင်း ဖြစ်နေလို့ပါ။

အဲ့ဒီကြိုးလေးကိုမပြတ်တောက်ဖို့ အပေါ်မှာပြောခဲ့သလို နားလည်မှု၊ယုံကြည်မှု စတာတွေနဲ့ခြံရံကာကွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကိုယ်မကျေနပ်တဲ့အချက်၊ မကြိုက်တဲ့အချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုပြုပြင်ကြမယ်ဆိုရင်ရေရှည်တည်မြဲပြီး ပျော်စရာ RSလေး တစ်ခုကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။Social Media ပေါ်မှာ Feel နေကြတဲ့ အသဲကွဲ မင်းသား၊မင်းသမီးလေးတွေရှိတော့မှာမဟုတ်သလို “Deep Feel” လို အလွမ်းအဆွေး Post လေးတွေတင်ပေးတဲ့ Page လေးမှာလဲ ခံစားချက်နဲ့တိုက်ဆိုင်ပြီး လွမ်းနေဆွေးနေကြတဲ့သူငယ်ချင်းတွေထဲမှာလဲသင်ပါမှာမဟုတ်တော့ပါဘူး။အဆင်ပြေတဲ့ပျော်ရွှင်တဲ့ RS တစ်ခုပိုင်ဆိုင်နိုင်ကြပါစေ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။