ရေဒီယို အစီအစဉ်တစ်ခုမှာတော့ IU က သူမ ရေကြောက်တဲ့ ကိစ္စနှင့် ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ပြီးတော့ သူမဘာကြောင့် ရေကြောက်တတ်လာလည်း ဆိုတာနှင့် ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ သူမရဲ့ အကြောက်တရားဟာ Running Man မှာ ရိုက်ကူးရေး လုပ်နေရင်းနှင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ထို အချိန် က ဒိုင်ဗင်ထိုးတဲ့ ဘုတ်ကနေပြီး အရမ်းနက်တဲ့ ရေကန်ထဲ ခုန်ချခဲ့ရပါတယ်။

သူမဟာ ထိုအချိန်အထိ သူမကိုယ်သူမ ရေကူးတတ်တယ်လို့ ထင်ထားခဲ့ပေမယ့်လည်း သူမ မကူးတတ်ဘူးဆိုတာကို သိခဲ့တာဖြစ်ပါတယ်။ 'ကျွန်မ တစ်သက်လုံး ရေကူးတတ်တယ်ဆိုပြီး ထင်ခဲ့တာပေါ့နော်။ ဒါပေမယ့် ရေထဲ တကယ် ပြုတ်ကျသွားတဲ့ အချိန်မှာ ကျွန်မ သေတော့ မလို ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပထမဆုံး ရေထဲကျ သွားမှာကို ကြောက်ခဲ့တာပါ။'

'ရေပေါ်မှာ ပေါ်နေလိမ့်မယ်ဆိုပြီး ကျွန်မထင်ထားခဲ့တာ အဲ့ဒါကြောင့် ကျွန်မ အသက်အောင့်ပြီး လက်တွေ ဘာတွေ ယမ်းခဲ့သေးတယ်။ ဒါပေမယ့် ရေပေါ်မပေါ်ဘဲ တဖြည်းဖြည်း ရေထဲ နစ်လာတော့ အရမ်းကို ကြောက်ခဲ့ရတာ' ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။ ထို အပိုင်းထဲမှာတော့ IU ရဲ့ ကိုယ်ဟာ ရေထဲမှာ တောင့်တောင့်ကြီးဖြစ်နေခဲ့ပြီး ရေပေါ် ကို ခေါင်းပေါ်ဖို့ ကြိုးစားနေခဲ့ပြီး ဂျီဟိုကတော့ IU ဘက်ကို စိုးရိမ်တဲ့ ပုံနှင့် ကြည့်နေခဲ့ တာကို တွေ့ခဲ့ရပါတယ်။

အောက်က ဗီဒီယိုကတော့ Running man မှာ IU ရေနစ်မလိုဖြစ်ခဲ့တဲ့ အချိန်ပါတဲ့ ဗီဒီယိုဖြစ်ပါတယ်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။