သရုပ်ဆောင် စွမ်းထက်အောင် တာမွေမြို့မှာ အောက်တိုဘာလ(၁၀) ရက်နေ့ကနံနက်(၂) နာရီက ရိုက်နှက်လှယက်ခံခဲ့ရပါတယ်။သူဟာ တာမွေမေတ္တာညွန့်ရပ်ကွက် မာလာနွယ်လမ်းထဲမှာနေပါတယ်။ဖြစ်စဉ်မှာ သူဟာ အင်တာနက်ပေါ်ဗီဒီယိုတစ်ခုတင်ရန် ဘေကုန်သွားလို့ အိမ်အနီးရှိ G & G store ဆိုင်မှ ဘေဝယ်ပြီးပြန်လာစဉ် သူရဲ့ဘေးနားကနေကားတစ်စီးက သူကိုကျော်ပြီးရပ်လိုက်ပါတယ်။

ကားနောက်ခန်းမှာ လူနှစ်ယောက်ကဆင်းလာပြီး မနေ့ကဆဲတာ မင်းလားကွလို့လှမ်းမေးတယ်။မဟုတ်ဘူးလို့ပြောသော်လည်း လူနှစ်ယောက်ကဝိုင်းပြီးထိုးကြပါတယ်..မဟုတ်ဘူးမှားနေပြီး လူများနေပြီးလိုပြောပေမဲ့လည်း မရပါဘူး…အဲတော့အကူအညီလိုပြီဆိုတာသိလိုက်ပြီ..အဲတော့ကျနော်ရှိသမျှအသံ

ကုန်ထုတ်အော်တယ် ကယ်ကြပါအုံးခင်ဗျ ကယ်ကြပါအုံးခင်ဗျဆိုပြီးတော့..ငါးခါခြောက်ခါလောက် ဆက်တိုက်အော်လိုက်တဲ့အချိန်မှာတော့ သူတို့အခြေနေမကောင်းတော့ဘူးဆိုတာသိမှာပေါ့..အဲမှာထိုးနေတဲ့နှစ်ကောင်လုံးက

ကားပေါ်ပြန်တတ်သွားကြတယ်..အဲချိန်မှာဖုန်းနှစ်လုံးပါတယ် တစ်လုံးကလွတ်ကျသွားတယ်..

အဲမှာကားနောက်ဖုံးမှာခြေထောက်တွဲလောင်းချပြီးထိုင်လိုက်လာတဲ့ ကောင်က အဲဒီဖုန်းကိုကောက်ပြီးတော့ သူတို့စီးလာတဲ့ကားပေါ်ပြန်တတ်သွားတယ်” လို့လဲပြောပြထားပါတယ်။အဲဲကားကတော့ ပက်ဆိုလိုမျိုးပုံစံ လို့လဲဆိုပါတယ်။လူတွေကတော့ ထူးထူးခြားခြားမဟုတ်ဘူးကျနော့်အရွယ် အသက်ကလည်း ၂၀၊၂၅ ရှိတဲ့အရွယ် လို့လဲသူကပြောပါတယ်။

သတင်းအရင်းအမြစ် - Swan Htet Aung facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။