ဗဟုသုတအဖြာဖြာ

ချောမောလှပပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ ထိုင်းနိုင်ငံ က လိင်ပြောင်း(Transgender) မိန်းကလေး ၁ဝယောက်

Anna လွန်ခဲ့သော ၂ လ က

ဒီ Transgender ကောင်မလေးတွေကတော့ သူတို့ရဲ့ အလှအပကြောင့် အွန်လိုင်းပေါ်က လူတချို့ရဲ့ စိတ်ဝင်စားမှု ကို ခံနေရပါတယ်။ သူတို့ဟာ သူတို့ရဲ့ အလှအပကြောင့် နာမည်ကြီးရုံသာမကပဲ သူတို့ရဲ့ သီးခြားနယ်ပယ် အသီးသီးမှာပါ အောင်မြင်နေကြတဲ့သူတွေဖြစ်ပါတယ်။

10th - Chalisa Rose

သူမကတော့ Transgender တစ်ယောက်ဖြစ်တဲ့ အပြင် မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမက တရုတ် ရုပ်ရှင်ဇာတ်ကားမှာ သေးငယ်တဲ့ ဇာတ်ကောင်ကနေ ပါဝင် သရုပ်ဆောင်ရာကနေ အောင်မြင်လာတာဖြစ်ပါတယ်။ အခုဆိုရင်တော့ တရုပ်ပြည်မှာ ခိုင်မာတဲ့ ပရိသတ်တွေ ရရှိနေပြီးပြီ ဖြစ်ပါတယ်။

9th - Patta Nadia

Patta ကတော့ Miss Mimosa Queen Thailand 2015 ဆုရထားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ freelance မော်ဒယ်တစ်ယောက်အပြင် Dancer တစ်ယောက်အနေနှင့်ပါ လုပ်ကိုင်နေတာဖြစ်ပါတယ်။

8th - Pemika Pynk

Pemika ကတော့ ကိုရီးယားနိုင်ငံက cosmetic surgery ဆေးရုံမှ ပြောရေးဆိုရေးရှိသူ မော်ဒယ်တစ်ယောက် အနေနှင့် ဓာတ်ပုံရိုက်ပြီးနောက်ပိုင်း လူသိများလာတာဖြစ်ပါတယ်။ သူမရဲ့ facebook အကောင့်မှာဆို follower အယောက် တစ်သိန်းကျော်ရှိတယ်လို့သိရပါတယ်။

7th - Monthana Jeen

သူမကတော့ ထိုင်းနိုင်ငံရဲ့ မဖြစ်မနေ စစ်မှုထမ်းရတဲ့ ဥပဒေကြောင့် စစ်တပ်ထဲ စစ်မှုထမ်းဖို့ ရောက်လာရာကနေ ညတွင်းချင်းဘဲ နာမည်ကြီးသွားတာဖြစ်ပါတယ်။

6th - Woranun Frame

သူမလည်း စစ်မှုထမ်းဖို့ စစ်တပ်ရင်း ကိုရောက်လာပြီး အင်တာနက်ကို ဇောက်ထိုးလှန်လိုက်သလိုဘဲ ချက်ချင်းနာမည်ကြီးလာတာတွေ့ရပါတယ်။ သူမဟာ စစ်မှုထမ်းရာက ကင်းလွတ်ခွင့်ရခဲ့ပြီး TV interviews တော်တော်များများမှာလည်း ပါဝင်လာခဲ့ပါတယ်။

5th - Rinrada Yoshi

Rinrada ကတော့ သူမရဲ့ အရုပ်ကလေးနှင့် တူတဲ့ ရုပ်ရည်ကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးလာတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ music videos နှင့် ရုပ်ရှင်တော်တော်များများမှာ ပါဝင်ခဲ့ပြီး instagram မှာ သန်းကျော်တဲ့ followers တွေရှိတဲ့ သူတစ်ယောက်ပါ။

4th - Nathachat Hana

သူမကတော့ ထူးခြားတဲ့ မော်ဒယ်ပရိုဖိုင်းရှိတဲ့ သူတစ်ယောက်ပါ။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် ပရိတ်သတ် အကြိုက်ဆုံး ဆု ကို The Face Thailand Season 3 မှာရရှိခဲ့ပါတယ်။

3rd - Chananchida Blossom

Chananchida ကတော့ Nathachat နှင့် အတူတူ The Face Thailand Season 3 မှာ ပါဝင်ခဲ့တဲ့ သူပါ။ ထို့အပြင် transgender တွေအတွက် ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး ဆု ဖြစ်တဲ့ Miss Tiffany's Universe 2013 ရဲ့ 1st Runner-up ဆုကို ရရှိခဲ့ပါတယ်။

2nd - Jlratchaya Mo

သူမကတော့ Miss Tiffany's Universe ဆုအပြင် Miss International Queen ဆိုတဲ့ ဆုကိုပါ ရရှိခဲ့သူပါ။ ထို titles တွေ ရရှိပြီးနောက် ထိုင်းနိုင်ငံရဲ့ I Can See Your Voice ပရိုဂရမ်မှာပါဝင်ခဲ့ပြီး ပရိသတ်တွေကို လန့်စေခဲ့ပါတယ်။

1st - Treechada Poyd

နံပါတ် တစ်နေရာ ရရှိထားတဲ့ သူမကတော့ ထူးခြားတဲ့ ထိုင်းမင်းသမီး တစ်ယောက်ဖြစ်တဲ့ အပြင် ထိုင်းနိုင်ငံ က Transgender တွေ လေးစားရတဲ့ role model တစ်ယောက်လည်းဖြစ်ပါတယ်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။