ကိုယ့်ချစ်သူကောင်လေးအပေါ် သံသယမကင်းဖြစ်နေပါသလား။ ဒါဆို ဒီအချက်တွေကိုကြည့်ပြီး သင့်အပြင် တခြားကောင်မလေးရှိနေလား၊ မရှိဘူးလားဆိုတာကို ဆုံးဖြတ်လို့ရပါတယ်။

၁) သူ့ဖုန်းကိုအထိမခံဖြစ်နေတာ

သင် သူ့ဖုန်းကိုကိုင်ရင်မကြိုက်တာ၊ ကြာကြာပေးမကိုင်တာ၊ ဖုန်းကို မျက်စိအောက်ကအပျောက်မခံကြည့်နေတာဆိုရင်တော့ သူ့ဖုန်းမှာ သင့်ကိုမသိစေချင်တဲ့ လျိှု့ဝှက်ချက်ရှိနေတာ သေချာပါပြီ။ 

၂) သူ့ဆီကနေ မသကာင်္စရာ အရိပ်အခြေတွေ့ရတာ

ရုတ်တရက်ကြီး အကြောင်းပြချက်တွေများလာတာတွေ၊ သင့်ရဲ့မသိစိတ်မှာ တစ်ခုခုစိုးရိမ်နေသလိုဖြစ်နတယ်ဆို အခုပဲ ထိုင်နေရာကနေထပြီး လိုက်စုံစမ်းကြည့်ပါတော့။ သင့်ရဲ့ မသိစိတ်ကထင်နေတာဟာ အလကားမဟုတ်ပါဘူး။ မှန်ချင်မှန်နေနိုင်ပါတယ်။

၃) ဖုန်း Historyတွေဖျက်ထားတာ

သင်ဖုန်းကိုင်တော့မယ်ဆိုတာ သူရိပ်မိနေတယ်ဆိုရင် သင်မသိအောင် ဖုန်းထဲကအရာတွေကို သူဖျက်ထားမှာပါ။ Call Logလိုမျိုး၊ Messageတွေလိုမျိုး ရှင်းလင်းနေတယ်ဆိုရင်တော့ သူသင့်ကို မမြင်စေချင်တဲ့အတွက် ကြိုဖျက်ထားတာဖြစ်ပါလိမ့်မယ်။

၄) သင့်အပေါ်ဆက်ဆံရေး

အရင်ကလောက် သူသင့်အပေါ် နွေးနွေးထွေးထွေးမရှိတော့ပါဘူး။ အရင်ကလိုလဲ မနီးတော့ပါဘူး။ သင့်ရဲ့စိတ်ထဲမှာ သူနဲ့တဖြည်းဖြည်း ဝေးသွားနေရတယ်လို့ ခံစားနေမိပြီဆိုရင်တော့ သူ့ဆီမှာ သင့်ထက်အရေးကြီးတဲ့အရာတစ်ခုရှိနေပါပြီ။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။