Miss တစ်ယောက်ဖြစ်ဖို့ဆိုတာ ပြစ်မျိုးမှဲ့မထင် အလှတွေအပြင် ကိုယ်ရည်ကိုယ်သွေး အရည်အချင်းတွေနဲ့ စိစစ်ရွေးချယ်ထားတဲ့ ဂုဏ်ပုဒ်တွေပြည့်စုံနေမှ ဖြစ်ကြတာပါ။

ပင်ကိုယ်အလှကိုယ်စီရှိကြတဲ့ မြန်မာပြည်က အလှမယ်တွေမှာလည်း ပွဲတွေယှဉ်ပြိုင်ဖို့ အရွေးခံရတဲ့အခါ ပရိသတ်အာရုံစိုက်ခြင်းအထူးခံရတဲ့သူတွေဖြစ်ပါတယ်။

အဲ့ဒီထဲကမှ လက်တလောလူမှုကွန်ရက်မှာ ပရိသတ်ဝန်းရံမှုအများဆုံး ရရှိထားတဲ့ Miss နှစ်ဦးကတော့ အလှမယ် ရွှေအိမ်စည်နဲ့ အေးချမ်းမိုး တို့ပဲဖြစ်ပါတယ်။

နှစ်ဦးစလုံးဟာ Miss Grand Myanmar 2017 အလှမယ်တွေအဖြစ် ရွေးချယ်ခံခဲ့ရသူတွေဖြစ်ပေမယ့် ပရိသတ်တွေကတော့ နှစ်ဖွဲ့ကွဲနေပါတယ်။

ပရိသတ်အခိုင်အမာရထားတဲ့ အလှမယ်ရွှေအိမ်စည်ဟာ သူမရဲ့ အရပ်အမောင်း၊ လှပသွယ်လှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းပိုင်ဆိုင်ထားပြီး Miss Universe Myanmar အဖွဲ့စည်းရဲ့ ဆုံးဖြတ်ချက်အရ သရဖူရုတ်သိမ်းခံထားရတာဖြစ်ပါတယ်

ဆရာဝန်မလေးဖြစ်သလို သရုပ်ဆောင်ပိုင်းနဲ့မစိမ်းတဲ့ Miss Universe Myanmar 2013 အလှမယ်ဟောင်း အေးချမ်းမိုးကတော့ ရွှေအိမ်စည်အစား မြန်မာကိုယ်စားပြု Miss Grand Myanmar 2017 အဖြစ် သွားရောက်ယှဉ်ပြိုင်ရသူဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး ကိုယ်ပိုင်အရည်အချင်းကိုယ်စီရှိကြတဲ့ သူမတို့နှစ်ဦးကတော့ ရင်းရင်းနှီးနှီးရှိကြပေမယ့် ပရိသတ်တွေကြားမှာတော့ အချင်းများစရာတွေဖြစ်နေပါတယ်။

လက်တလောမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အေးချမ်းမိုးဟာ ဗီယက်နမ်နိုင်ငံကို ပြိုင်ပွဲဝင်ဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

ရွှေအိမ်စည်ကတော့ Miss ပြိုင်ပွဲတွေထပ်မပြိုင်တော့ပဲ အနုပညာအလုပ်တွေပဲ လုပ်ဖြစ်တော့မယ်လို့ သိရပါတယ်။

Source :Shweeainsi and Aye Chan Moe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။