ဒီဇိုင်နာရူပါရွှေဟာ ကာတာလေကြောင်းလိုင်းနဲ့ အပြန် မှာ ငွေကျပ်သိန်း(၁၀၀)ကျော်အပြင် တန်ဖိုးကြီးပစ္စည်းတွေ အခိုးခံလိုက်ရတယ်လို့ သူမရဲ့ လူမှုကွန်ရက်မှာ ရင်ဖွင့်ထားပါတယ်။  

""Qatar Airways ကို ပထမဆုံးအကြိမ် အဖြစ်

အမေရိကားကနေ ရန်ကုန်ကိုလေယာဉ်စီးခဲ့ပါတယ်

ရန်ကုန်ရောက်တဲ့ အခါ ကျမအိတ်တွေကို ကျမကိုလာကြိုတဲ့လူတွေက သယ်လာပြီးအိမ်ရောက်ရောက်ခြင်း အိတ်ကိုဖွင့်ဖို့ မလိုက်တဲ့ အချိန် အိတ်က ဝိတ်နည်းနေတဲ့ အတွက် ကျမ စိတ်ထဲထင့်သွားပြီး ချကိခြင်းကြည့်တဲ့ အခါ ကျမ ခတ်လာတဲ့ သော့ မပါလာတော့ပါဘူး

အိတ်တလုံး လုံး အတွင်းက ပစ်စည်း

အားလုံး ဖောက်ပြီး အခိုးခံလိုက်ရပါတယ်

ကျမပစ်စည်းတွေကို တခုမကျန် ခိုးယူပြီး အိတ်ထဲကို ကုလား အဝတ်အစားတွေ ကုလားစာနဲ့ အရုပ်တွေ စာရွက် အထပ်လိုက်တွေကို ထဲ့ပြီး ဟန်မပျက်တငိပေးလိုက်ပါတယ်

ကျမ အိတ် ခတ်ထားတဲ့သော့

ပါမလာတဲ့အပြင် သော့ကို ထုရိုက်ဖွင့်ခဲ့တဲ့အတွက် ဇစ်ခေါင်းတွေကြေပြီး အိတ်လဲ ထိထားပါတယ်

ကျမ အလုပ်နဲ့ လာတာ ဖြစ်တဲ့ အတွက် ကျမ အိတ်ထဲမှာ အရေးကြီး အဖိုးတန်ပစ်စညိးတွေကြည့်ပါလာတာပါ

ကာလတန်ဖိုး $12,000 ကျော်ဖိုးပါသွားပါတယ်

ကျမ ချက်ခြင်း သွားရောက် အသိပေးတိုင်ကြားခဲ့တာ ၄ရက်ရှိပါပြီ

သက်ဆိုင်ရာ လေကြောင်းလိုင်းမှ တာဝန်ရှိသူများ အမြန်ဆုံးဖြေရှင်းပေးစေခြင်ပါတယ်

ကျမ အကောင့်ကို သူတို့ လေကြောင်းလိုင်းpage မှာ သွားရေးလို့ မရအောင် အလုပ်ခံထားရပါတယိ

ဝိုင်း share ပေးကြပါ

(အခုမှ သူတို့ပေ့ချ်က ပြန်ဖွင့်ပေးလို့ tag လို့ရတာပါ )"""

သူမပြောသလို ကူညီရှဲပေးလိုက်ပါဦး ပရိသတ်ကြီးရေ 

Source : Yuparshwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။