ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ဖြစ်သလို အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်လည်းဖြစ်တဲ့ ပိုင်ဖြိုးသု ကတော့ အနုပညာအလုပ်တွေ ခပ်စိတ်စိတ် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ဂဗီဒီယိုကားတွေမှာသာမက ရုပ်ရှင်ကားကြီးတွေမှာပါ ခေါင်းဆောင် မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်နေရသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ 8days ဂျာနယ်အတွက် magazine cover ဓာတ်ပုံ ရိုက်ကူးပေးနေတာ တွေ့ရပါတယ်။ Wedding themes နဲ့ ရိုက်ကူးနေတာဖြစ်တဲ့အတွက် သူမရဲ့ စိတ်ကူးထဲက မင်္ဂလာဆောင်ပုံစံလေးကို မေးကြည့်မိတဲ့ အခါမှာတော့.........

"ထွေထွေထူးထူးတော့ စိတ်ကူးထားတာ မရှိဘူး။ ဒါပေမယ့် ကိုယ့်ကိုကို ဆုံးဖြတ်ထားတာတစ်ခုကတော့ ပွဲတွေအများကြီး မလုပ်ဖြစ်လောက်ဘူး။ ပြီးတော့ ပွဲအကြီးကြီးလည်း မလုပ်ချင်ဘူး။ မလုပ်ချင်ဘူးဆိုတာက သုက အဝတ်အစားပြင်ဆင်ရတာ ပျင်းတဲ့ထဲမှာ ပါတယ်။ အဝတ်အစားတွေ ဝတ်ရမယ် ထိုင်မသိမ်းတွေ ဘာတွေဆိုလည်း ကိုယ်ကဝတ်နေကျဆိုတော့ သိတယ်။ အရမ်းလေးတယ်။ အဲ့တော့ ကိုယ့်မင်္ဂလာဆောင်ကျရင် အကြာကြီးဝတ်ထားရမှာ။ အဲ့ဒုက္ခကို မခံချင်လို့ ကိုယ့်အလှည့်ကျရင် မင်္ဂလာပွဲအကြီးကြီးတော့ မလုပ်ဖြစ်လောက်ဘူး" လို့ 8days TV မှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာတော့ အိမ်ထောင်ရေးကို စဉ်းစားအုန်းမှာမဟုတ်ဘဲ ချစ်တဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်သွားဦးမယ်လို့ သူမကဆိုပါတယ်။ 

Source: 8days TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။