တခါတလေ တော့လည်း kpop fan တစ်ယောက်ဖြစ်ရတာ အရမ်းကို ခတ်ခဲလွန်းလှပါတယ်။ အကောင်းမြင်တဲ့ သူက နည်း နည်း မကောင်းမြင်တဲ့ သူက များများပေါ့။ ရိုးရိုး သာမန် သရုပ်ဆောင်တစ်ယောက် အဆိုတော် တစ်ယောက် ကို ကြိုက်တယ်လို့ မတွေးကြဘဲ အမြင်ကတ်နေတဲ့ သူတွေ အပြင် အခြားအခြားသော ဒုက္ခတွေကြောင့် kpop fan တစ်ယောက်ဖြစ်ရတာ ဘယ်လောက် ခတ်ခဲ ပင်ပန်းလဲ ဆိုတာ အချင်းချင်းဘဲ သိပါတယ်။

အဲ့ဒါဆို မကြိုက်နှင့်ပေါ့လို့ပြောရင်တော့ မကြိုက်လို့ သာရရင် စောစောကတည်း က မကြိုက်ဘဲ နေပြီပေါ့နော်။ သင်ဟာ kpop ကို ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်ဆိုရင် အောက်က စကားတွေကတော့ အမြဲတမ်းကြားနေရလွန်းလို့ နားထောင်ရတာငြီးငွေ့နေတဲ့ စကားလုံးတွေဆိုတာ auto သိမှာပါ။ ထိုစကားတွေ အပြင် အခြားစကားလုံးတွေရှိသေးတယ်ဆိုရင် comment ပေးပြီး ပြောပြသွားကြဦးနော်....

၁)ဟဲ့နင့်ဟာကလည်း ယောက်ျားလေးရောဟုတ်ရဲ့လား။ မိန်းမကြီးမဟုတ်ဘူးလား။

၂)နားရောလည်လို့လား။ နားမလည်ဘဲနှင့် ဘာလို့ နားထောင်နေတာလဲ။

၃)ငါကေပေါ့ကို အရမ်းကြိုက်တာ။ ဂန်းနမ်းစတိုင်က ငါအကြိုက်ဆုံး သီချင်းလေ။

၄)ယောက်ျားရော စစ်ရဲ့လားဟယ်။ အားလုံက အခြောက်တွေကြီးကို။

၅)ဘာလိုသူတို့ကို ကြိုက်တာလဲ။ ရုပ်တွေ က အကုန်အတူတူကြီးကို။

၆)ဟဲ့ သူ ပလက်စတစ် ဆာဂျရီလုပ်ထားတာလား?

၇)နင့်ဟာကြီးက အစစ်ရော ဟုတ်ရဲ့ လာဟယ်။ အကုန်လုံး ခွဲစိတ်ထားတာကြီးကို။

၈)နင်ကသာ အသဲအသန်ကြိုက်နေတာ ဟိုက ဒီကမ႓ာမှာ နင်ရှိမှန်းတောင် သိမှာမဟုတ်ဘူး။

၉)ဒီ အခွေတွေ ပိုစတာတွေဝယ်ပြန်ပြီ။ ပိုက်ဆံ ဖြုန်းလို့ မဝသေးဘူးလား။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။