မြောက်ကိုရီးယား လေထီးခုန် အထူးတပ်ဖွဲ့တွေဟာ တောင်ကိုရီးယားကို ကျူးကျော်ရန်လေ့ကျင့်နေကြတယ် လို့ တောင်ကိုရီးယား သတင်းအေဂျင်စီ Yonhap က ပြောကြားသွားပါတယ်။ ဒီလေ့ကျင့်မှု တွေကို စက်တင်ဘာလ လယ် တုန်းက လေ့ကျင့်ရေးကွင်းတစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယား ဆိုးလ်မြို့မှာ ရှိတဲ့ အမေရိကန်၊ တောင်ကိုရီးယား ဌာနချုပ် ပုံစံတူ အဆောက်အအုံကို လေထီးခုန် အထူးတပ်ဖွဲ့များဖြင့် ၀င်စီးပုံ ကို လေ့ကျင့်ခဲ့ကြတာပါ။

နာမည်ကျော် Newsweek ကတော့ ဒီလေ့ကျင့်မှုမှာ မြောက်ကိုရီးယား အမှတ် ၁၁ တပ်မမှ အထူးတပ်ဖွဲ့များ နဲ့ စနိုက်ပါတပ်မ များပါ၀င်ဆင်နွှဲခဲ့ကြတယ် လို့ ဆိုပါတယ်။ လေထီးခုန် အထူးတပ်ဖွဲ့တွေဟာ ရေဒါ တွေနဲ့မ ထောက်လှမ်း နိုင်အောင် နိမ့်နိမ့်လေးပျံနိုင်ကြပြီး၊ တပ်ဖွဲ့များကို အလွယ်တကူနေရာချနိုင်ပါတယ်။ လေထီးခုန် အထူးတပ်ဖွဲ့တွေဟာ လျှပ်တပြက် တိုက်ခိုက်ရာမှာ အသုံးဝင်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေ ကဆိုပါတယ်။

မြောက်ကိုရီးယား အထူးတပ်ဖွဲ့များဟာ အလွန်ထိရောက်တဲ့ စစ်ရေးနည်းလမ်းတွေကို လေ့ကျင့်နေကြပါတယ်။ တောင်ကိုရီးယား နဲ့ အမေရိကန် တို့ကတော့ မြောက်ကိုရီးယား ရဲ့ အဆိုပါလေ့ကျင့်မှု ကို တုံ့ပြန်တဲ့အနေနဲ့ တာတိုုလေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်မှု ကို ပူးတွဲလေ့ကျင့်ခဲ့ကြပါတယ်။ အဓိက အရေးကြီးတဲ့နေရာတွေကို ရန်သူ့လေကြောင်းရန်မှကာကွယ်ဖို့ လေ့ကျင့်ခဲ့ကြတာပါ။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။