နာမည်ကြီးဆယ်လီမိန်းမချောနှစ်ဦးဖြစ်တဲ့ အလှမယ် ရွှေအိမ်စည် နဲ့ အေးမြတ်သူတို့ဟာ လှပတဲ့ ဂါ၀န်ရှည်ကြီးတွေကိုယ်စီဝတ်ပြီး တစ်ယောက်တစ်မျိုးစီ လှနေကြပါတယ်။

ရုပ်ရှင်မင်းသမီးချောလေး အေးမြတ်သူကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ မျက်နှာအမူရာလေးတွေက ပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံခံသူဖြစ်ပါတယ်။

Miss Grand Myanmar 2017 အလှမယ်ဟောင်း ရွှေအိမ်စည်ကလည်း သူမရဲ့ ထူးခြားတဲ့မျက်နှာကျနဲ့ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်အရပ်အမောင်းကြောင့်ပရိသတ်အခိုင်အမာရရှိထားသူလေးဖြစ်ပါတယ်။

အသက်အရွယ်ကွာသလို အနုပညာသက်တမ်းမတူညီကြတဲ့ သူမတို့ အလှနတ်သမီးနှစ်ယောက်ဟာ မဂ္ဂဇင်းမျက်နှာဖုံးမှာ အတူတူဓာတ်ပုံရိုက်ကူးထားကြပါတယ်။

အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေရတဲ့ ရွှေအိိမ်စည် နဲ့ အေးမြတ်သူ ရဲ့ ဆွဲဆောင်မှုရှိတဲ့ပုံရိပ်တွေကို အမြည်းအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးရော သူတို့နှစ်ယောက်လုံးကို ချစ်တယ်ဟုတ်။ 

Source :Shweeainsi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။