ဂေါ်ဖီရွက်ကို ကြော်စား၊ ဟင်းချို ချက်စားကြတဲ့ အပြင် အသုပ်တော်တော်များများမှာလည်း မပါ မဖြစ်ပါ။ ဂေါ်ဖီရွက်က ဟင်းချက်စရာ တစ်ခုအပြင် ကျန်းမာရေးအတွက်လည်း များစွာ အသုံးဝင်ပုံကို ဗဟုသုတ ရရှိစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဂေါ်ဖီထုတ်စားပေးခြင်း ရရှိလာမဲ့ အကျိုးကျေးဇူးများကတော့ -

- သွေးတွင်း သကြားဓာတ် မများအောင် ထိန်းညှိပေးနိုင်ပါတယ်။

- အင်ဆူလင်ဓာတ် ထုတ်လုပ်မှု ပမာဏ တိုးမြှင့်ပေးနိုင်ပါတယ်။

- အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။

- သွေးကြောတွေအတွက် အထောက်အကူဖြစ်စေကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

- ကင်ဆာရောဂါအတွက် အကျိုးပြုတယ်။ 

(၁) ရင်သွေးကို နို့တိုက်ကျွေးတဲ့အခါမှာ ရင်သားနာကျင်ခြင်းကို မိခင်အများစုက ခံစားရလေ့ ရှိပါတယ်။ အဲ့ဒီနာကျင်မှုကို ဂေါ်ဖီရွက်နဲ့ ကုသ လို့ရနိုင်ပါတယ်။ ဦးစွာ ဂေါ်ဖီရွက်ကို ဆေးပါ။ အရွက်အလယ်မှာ ရှိတဲ့ ညှာတံ အသားကို ဖြတ်ပါ။ ထို့နောက် ရင်သားနဲ့ အနေတော်ဖြစ်အောင် ဂေါ်ဖီရွက်ကို လှီးပါ။ နို့သီးခေါင်းကိုတော့ အရွက်နဲ့ အုပ်ဖို့ မလိုအပ်ပါဘူး။ ဘရာဇီယာထဲမှာ ဂေါ်ဖီအရွက်ကို ထည့်ပြီး ၀တ်ထားလိုက်ပါ။ အနည်းဆုံး နာရီဝက်ခန့် ထားပေးပါ။ ထို့နောက် ရင်သားနာကျင်မှုကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။

(၂) လက်နှင့် ခြေထောက်တွေမှာ ရောင်ရမ်းတာတွေ ခံစားရတဲ့အခါ ဂေါ်ဖီရွက် လတ်လတ်ဆတ်ဆတ်ကို အုပ်ပေးပြီးနောက် (ဂေါ်ဖီရွက်နှင့် ထုပ်ပေးပြီးနောက်) တစ်ည အိပ်လိုက်ပါ။ ခြေလက် ရောင်ရမ်းမှုတွေကို သိသိသာသာ သက်သာပျောက်ကင်းစေမယ်ဆိုတာ အသေအချာပါပဲ။

(၃) ခေါင်းကိုက်နေသူတွေ အတွက်လည်း ဂေါ်ဖီရွက်နဲ့ ကုစားနိုင်ပါတယ်။ ဂေါ်ဖီရွက်ကို သေချာစွာ ရေဆေး၍ နားထင် (သို့မဟုတ်) ခေါင်းရဲ့ ထိပ််ပိုင်း နဖူးပေါ်မှာ ကပ်ပေးပါ။ မိနစ် ၃၀ ခန့် ထားပြီးနောက် ခေါင်းကိုက်ခြင်းကို သက်သာ ပျောက်ကင်းစေပါလိမ့်မယ်။

(၄) သိုင်းရွိုက်အကျိတ်ကိုလည်း ဂေါ်ဖီရွက်နှင့့် သက်သာစေပါတယ်။ သိုင်းရွိုက်အကျိတ်က ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို ထိန်းချုပ်ပေးပြီး လည်မျိုအရှေ့ပိုင်းမှာ ဖြစ်တဲ့ အကျိတ်တစ်မျိုးပါ။ ဒါ့ကြောင့် ဂေါ်ဖီရွက်ကို လည်မျို အရှေ့ပိုင်းမှာ ထားပေးပြီး တစ်ညလောက် အိပ်စက်လိုက်ပါ။ မနက်ကျရင် ဖယ်ပြီးနောက် သိုင်းရွိုက်အကျိတ်မှာ ဖြစ်တဲ့ ရောဂါတွေကို သက်သာ ပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။

Reference: healthonlinecentral 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။