မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ဆံပင် အရမ်းကျွတ်တဲ့ အခါ အရွယ်မတိုင်ခင် ဆံပင်ပါးလွန်းတာမျိုး၊ နဖူးပြောင်တာမျိုး၊ ထိပ်ပြောင်တာမျိုး စတဲ့ ပြသနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဆံပင်သားလှပခြင်း၊ ဆံပင်ထူခြင်းကလည်း ကောင်းသော အလှတစ်မျိုးပါပဲ။ ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာပါ။ ဒါ့ကြောင့် ဆံပင်ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဆံပင်ကျွတ် သက်သာဖို့ Hair Care Product တွေ သုံးကြည့်ပေမဲ့ မသက်သာဘူး၊ အဆင်မပြေဘူး ဆိုရင်တော့ ဒီနည်းလမ်းတွေကို စမ်းသပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီနည်းလမ်းတွေက တကယ့်ကိုပဲ တစ်ပတ်အတွင်း ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။  

နည်းလမ်း (၁) ကြက်ဥ နှင့် သံလွင်ဆီ

သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်ဥ တစ်လုံး၏ အနှစ်ကို ရောပြီး မွှေလိုက်ပါ။ ထိုအနှစ်ကို ဦးရေပြားနှင့် ဆံပင်ပေါ်လိမ်းပေးပြီး မိနစ် ၂၀ (သို့မဟုတ်) နာရီဝက် ထားပေးပါ။ ထို့နောက် ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်ကို သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။

နည်းလမ်း (၂) ကြက်ဥ နှင့် သံပရာသီး

ကြက်ဥ နှစ်လုံး၏ အနှစ်ကို သမအောင် ခေါက်ပြီး သံပရာရည် လက်ဖက်ရည်ဇွန် ၂ ဇွန်းထည့်ပြီး မွှေပေးပါ။ ပျစ်နေတယ်ဆိုရင် သံပရာရည် အနည်းငယ် ထပ်ထည့်ပေးပါ။ ထိုအနှစ်အား ဦးနေပြားနဲ့ ဆံသားအဖျားတွေကို သေချာ နှ့ံအောင် လိမ်းပါ။ မိနစ် ၃၀ (နာရီဝက်) ခန့် ထားပြီးနောက် ခေါင်းလျှော်လိုက်ပါ။ ထိုနည်းအတိုင်း ခေါင်းလျှော်ခါနီးတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။ 

နည်းလမ်း (၃) ကြက်ဥ၊ သံလွင်ဆီနှင့် ပျားရည်

ကြက်ဥ ၂လုံး၏ အနှစ်ကို သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း ကို ရောသမ၍ နှံ့အောင် မွှေပါ။ ထိုအနှစ်များကို ဦးရေပြားနှင့် ဆံသားတို့အား နှံ့စပ်အောင် လိမ်းပါ။ မိနစ် ၃၀ ခန့်ထား၍ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပါ။ ထိုနည်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ကြက်ဥမှာ ဆံနွယ်တွေကို ပြန်လည်သန်စွမ်းစေပြီး ဆံသားကို တောက်ပြောင်စေတဲ့ ပရိုတင်နဲ့ ဗီတာမင်ဓာတ်တွေ အများအပြား ပါ၀င်တာကြောင့် ဆံကေသာ အလှအတွက် ကြက်ဥကို ရွေးချယ် အသုံးပြုဖို့ အကြံပေး တိုက်တွန်းလိုက်ပါတယ်။

သတင်းအရင်းအမြစ် - MMCities 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။