ပရိသတ်တွေကို အမြဲတမ်းရယ်မောပျော်ရွှင်မှုပေးတဲ့ ပရိသတ်အချစ်တော် တက္ကသိုလ်ဂွမ်းပုံ ကိုမကြာမှီထွက်ရှိတော့မယ် ‘‘မင်းဘာကောင်လဲငါဘာကောင်လဲဘယ်သူဘာကောင်လဲ’’ ဇာတ်ကားကြီးမှာမတူညီတဲ့ပုံစံအသစ်တွေနဲ့တွေ့ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးထားတာဖြစ်ပြီး ဟာသသရုပ်ဆောင်ပေါင်းများစွာပါဝင်အားဖြည့်ရိုက်ကူးထားတဲ့အတွက်ပရိသတ်တွေရယ်မောပျော်ရွှင်ရမယ့်ကားလေးတစ်ကားဆိုတာအသေအချာပါပဲ။

Photo Credit - တကၠသိုလ္ဂြမ္းပံု

ဇာတ်ကားလေးရိုက်ကူးအပြီးမှာတော့ ဂွမ်းအပေါ်နားလည်မှုအပြည့်ရှိပြီး သူမရဲ့ဇာတ်ကားတိုင်အားပေးနေတဲ့ ပင်တိုင်ပရိသတ် ဂွမ်းရဲ့ချစ်ရတဲ့ ခင်ပွန်း ကိုလတ်နဲ့ မဲဆောက်မှာ အပန်းဖြေအနားယူနေပါတယ်။ သူမရဲ့ လူမှု့ကွန်ယက်မှာလဲ မဲဆောက် မှာချစ်ခင်ပွန်းကိုလတ်နဲ့ ရိုက်ကူးထားတဲ့ အမှတ်တရဓာတ်ပုံလေးတွေကိုလဲပရိသတ်များပျော်ရွှင်ကြည်နူးဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။

နိုဝင်ဘာလတွင်ရုံတင်ပြသတော့မယ့် ‘မယားကြောက်ရွှာ’ ကားလေးမှာလဲ နိုင်ငံကျော်ပြည်သူချစ်သရုပ်ဆောင်များဖြစ်ကြတဲ့ လူမင်း၊ခန့်စည်သူ၊စိုးမြတ်သူဇာ၊ခိုင်သင်းကြည် တိုနဲ့အတူ ပရိသတ်အချစ်တော် တက္ကသိုလ်ဂွမ်းပုံ ရဲ့တောသူ ကာရိုက်တာလေးနဲ့ ချစ်စရာကောင်းသူမပုံရိပ်တွေ တွေ့မြင်ရမှာဖြစ်ပါတယ်။သူမရဲ့ ချစ်စရာ ပုံလေးတွေ ကိုလဲ ပရိသတ်တွေပျော်ရွှင်ကြည်နူးစေရန်မျှဝေလိုက်ပါတယ်။

သတင်းအရင်းအမြစ် - တက္ကသိုလ်ဂွမ်းပုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။