အာရှဖလားခြေစစ်ပွဲအောင်သွားတဲ့အန္ဒိယ

မြန်မာပါဝင်တဲ့အုပ်စုထဲကအိန္ဒိယအသင်းဟာအုပ်စု

ပထမနေရာကနေခြေစစ်ပွဲအောင်သွားခဲ့ပါပြီ။

အိန္ဒိယဟာမကာအိုကိုမနေ့ကဂိုးပြတ်နိုင်ပွဲရယူ

ခဲ့ပြီးရှုံးပွဲမရှိသုံးပွဲကစားသုံးပွဲနိုင်ကိုးမှတ်နဲ့

ခြေစစ်ပွဲအောင်မြင်သွားခဲ့တာပါ။အိန္ဒိယခြေစစ်ပွဲ

အောင်မြင်သွားတဲ့အတွက်အုပ်စုဒုတိယနေရာကနေ

ခြေစစ်ပွဲအောင်ဖို့မြန်မာနဲ့ကာဂျစ်အသင်းတို့ယှဉ်ပြိုင်

ကြရတော့မှာပါ။မြန်မာအသင်းခြေစစ်ပွဲအောင်မြင်နိုင်ပါ့မလား။

ကာဂျစ်နဲ့မြန်မာတို့ဟာသုံးပွဲကစားလေးမှတ်စီနဲ့အုပ်စု

ဒုတိယနဲ့အုပ်စုတတိယနေရာမှာရပ်တည်နေကြတာပါ။

မြန်မာအသင်းအနေနဲ့သုံးပွဲကစားဖို့ကျန်နေပြီး

အိန္ဒိယနဲ့အဝေးကွင်းသွားကစားတဲ့အခါအနိမ့်ဆုံး

သရေရဖို့လိုပါတယ်။ကာဂျစ်နဲ့အဝေးကွင်းပွဲစဉ်

ကိုတော့သေချာပေါက်အနိုင်ရမှဖြစ်မှာပါ။မကာအိုကိုတော့

နိုင်ပြီးသားလို့မှတ်ယူကြပါစို့။သူတို့ကအုပ်စုထဲမှာအားအနည်း

ကို။

မြန်မာအသင်းအနေနဲ့လက်ကျန်သုံးပွဲမှာအနိမ့်ဆုံး7မှတ်ရယူဖို့

လိုနေတာတော့အမှန်ပါပဲ။ခြေစစ်ပွဲအောင်မြင်ချင်

ရင်တော့အခုကတည်းကနေစလေ့ကျင့်ထားဖို့လိုပါမယ်။

မြန်မာကစားသမားတွေကာဂျစ်နဲ့ပွဲမှာပထမပိုင်း

လောက်ကတည်းကသက်လုံးတွေကျဆင်းနေခဲ့တာတွေ့မြင်ရမှာပါ။

ဒါကြောင့်ကစားသမားတွေအနေနဲ့သက်ဆိုင်ရာကလပ်ရဲ့

လေ့ကျင့်ခန်းအစီအစဉ်တွေမှာအကောင်းဆုံးကြိုးစား

ထားဖို့လိုပါတယ်။ဒါမှလည်းမြန်မာအသင်းမျှော်လင့်နေတဲ့

အာရှခြေစစ်ပွဲအောင်မြင်မှာပါ။လတ်တလောအာဆီယံ

အသင်းတွေခဲကထိုင်းကအလိုအလျောက်ခြေစစ်ပွဲ

အောင်မြင်ထားပြီးဗီယက်နမ်နဲ့ဖိလစ်ပိုင်တို့ကတော့

ခြေစစ်ပွဲအောင်မြင်ဖို့အလားအလာကောင်းနေပြီး

မြန်မာကတော့ထုံးစံအတိုင်းရုန်းကန်ဆဲ...

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။