အောက်တိုဘာ ၁၀ ရက်နေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာ သကြားစက်ရုံတစ်ခုမှ အဆိပ်သင့်ဓာတ်ငွေ့တွေ ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ပါတယ်။ထိုသကြားစက်ရုံဟာ စာသင်ကျောင်းတစ်ခုနဲ့ ကပ်လျက်ရှိနေခဲ့တာကြောင့် ထိုအဆိပ်သင့်ဓာတ်ငွေ့တွေကို ကလေးငယ် ၂၀၀ ခန့်က ရူရိုက်မိခဲ့တာကြောင့် နေထိုင်မကောင်းဖြစ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ 

ထိုကလေးငယ်များဟာ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း နဲ့ မျက်လုံးများနီရဲလာခြင်း စသည့် ဝေဒနာတွေကို ခံစားနေခဲ့ရပြီးနောက် ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရှိရပါတယ်။ထို ဓာတ်ငွေ့ယိုစိတ်မှုဟာ Shamli ခရိုင်ထဲမှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ထို Shamli စာသင်ကျောင်းမှ ကလေးငယ် အယောက် ၂၀၀ထဲမှ ၁၇၅ ဦးဟာ ဆေးရုံမှ ပြန်လည်ဆင်းသက်သွားပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထိန်းချူပ်ခန်းမှ ရဲအရာရှိတစ်ဦးကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထိုရဲအရာရှိကဆက်လက်ပြီး ယခုအထိ ကလေးငယ် ၂၃ ဦးဆေးရုံးတတ်ရောက်နေဆဲဖြစ်ပြီး ၂ ဦးကိုတော့ အထူးကုသမှုများပြုလုပ်ရန် Panipat မြို့ကို လွဲပြောင်းပေးထားခဲ့တယ်လို့ ပြောကြားခဲ့ပတယ်။သကြားစက်ရုံမှအလုပ်သမားများဟာ ဓာထုပစ္စည်းများကိုအသုံးပြုပြီး အမှိုက်များကို ဖျက်စီးခဲ့တာကြောင့် ထိုမှတဆင့် ဓာတ်ငွေ့များစတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဘေးပတ်ဝန်ကျင်ကို ပျံ့နှံ့သွားခဲ့တယ်လို့ တာဝန်ရှိသူများပြောကြားချက်များအရ သိရှိရပါတယ်။အဆိုပါဖြစ်ရပ်ကို ထိထိရောက်ရောက်စုံစမ်းစစ်ဆေးရန် အစိုးရက ညွန်ကြားထားပြီး ကလေးငယ်တွေအတွက် ဆေးကုသပေးရာတွင်လစ်ဟာမှုမရှိစေရန်ကိုလည်း Shamli ခရိုင်တရားသူကြီးအား အမိန့်ပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။