ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်စေမမဲ့ဓာတ်တွေကို ကျောက်ကပ်မှာ ဖယ်ရှားပေးပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်မှာ အဆိပ်အတောက်တွေ များလာရင် ကျောက်ကပ် ပျက်စီးစေပါတယ်။ ကျောက်ကပ်ကလည်း ကျန်းမာရေးကို အနှောင့်အယှက်ပေးနိုင်တဲ့ အင်္ဂါအစိတ်အပို်င်း တစ်ခုဖြစ်တာကြောင့် ကျောက်ကပ်ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျောက်ကပ်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ရောဂါခံစားနေရတာ မဟုတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်စရာမလိုဘဲ အစားအသောက်နဲ့ပဲ ကျောက်ကပ် သန့်စင် ကျန်းမာအောင် ဆေးနိုင်ပါတယ်။ ဒီနည်းလမ်းလေးကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ 

(၁) ရေ များများသောက်ပါ။

တစ်နေ့ကို ရေ တစ်လီတာ ဗူးကြီး သုံးဗူးခန့် အနည်းဆုံး သောက်သုံးသင့်ပါတယ်။ ကျောက်ကပ်ကျန်းမာရေးအတွက် ကာကွယ်နည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ကျောက်ကပ်မှာ ရှိတဲ့ အဆိပ်အတောက်တွေ ပျောက်ကင်းဖို့ ရေသောက်ခြင်းက အကောင်းဆုံးပါပဲ။

(၂) ပန်းသီးစားသုံးပါ။

ပန်းသီးမှာ ပိုတက်ဆီယမ်ပါ၀င်မှု နည်းပါးပြီး ခန္ဓာကိုယ် အဆိပ်အတောက်များ ဖယ်ရှားနိုင်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီး ခဏ ခဏ မသွားစေဘဲ ကျောက်ကပ်ကို သန့်ရှင်းစေပါတယ်။ 

(၃) မှို စားပေးပါ။

ကျောက်ကပ် ကျန်းမာရေးအတွက် ဗီတာမင် ဒီ ဓာတ်က အရေးကြီးပါတယ်။ ဒါကြောင့် ဗီတာမင် ဒီ ဓာတ် အများဆုံးပါ၀င်တဲ့ မှိုကိုလည်း စားသုံးနိုင်ပါတယ်။ ဗီတာမင် ဒီ က ကျောက်ကပ်ကို ပိုမိုကောင်းမွန်အောင် အလုပ်လုပ်စေပြီး ကျောက်ကပ်ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) ကွေကာအုပ် သောက်ပေးပါ။

ကွေကာအုပ်မှာ ကျောက်ကပ်တွင် ကျောက်တည်တာကို ကာကွယ်ပေးတဲ့ သတ္တုဓာတ်နဲ့ ဗီတာမင် ဘီ6 တို့ ပါ၀င်ပါတယ်။ ဒါကြောင့် ကွေကာအုပ်ကိုလည်း ကျောက်ကပ်ကျန်းမာရေးအတွက် သောက်သုံးနိုင်ပါတယ်။

အထက်ဖော်ပြပါ အချက်များကို သိရှိပြီးနောက် ကျန်းမာလှပသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ….

သတင်းအရင်းအမြစ် - MMCities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။