ယူကရိန်း စစ်ပွဲမှာ ရုရှား ရဲ့ စက်ရုပ်စစ်တပ် တပ်ဖွဲ့တွေ မကြာမီမြင်တွေ့လာရ နိုင်တာကြောင့် စက်ရုပ်စစ်ပွဲခေတ်ကို ရောက်ရှိလာပြီလားဆို ပြီး လေ့လာသူတွေက မေးခွန်းထုတ်လာရပါပြီ။ ယူကရိန်း အစိုးရ စစ်တပ် ဟာ သူတို့ အသုံးပြုမယ့် စက်ရုပ်စစ်တပ် တပ်ဖွဲ့ကို ချပြ ခဲ့တာကြောင့် ရုရှား နိုင်ငံမှ ကျောထောက်နောက်ခံပြုထားတဲ့ တပ်ဖွဲ့တွေ အနေနဲ့ အဆိုပါ စက်ရုပ်စစ်တပ် တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တွေ့ရနိုင်ခြေရှိပါတယ်။

ဒါ့ကြောင့် ရုရှား ရဲ့ စက်ရုပ်စစ်တပ် တပ်ဖွဲ့တွေ ယူကရိန်းမှာ အသုံးပြုလာနိုင်ခြေ ရှိနေပါတယ်။ ရုရှား နိုင်ငံဟာ လူလိုက်ပါခြင်းမရှိတဲ့ စစ်မြေပြင်သုံး စက်ရုပ်တပ်ဖွဲ့တွေ၊ ယာဉ်တွေကို ဆီးရီးယားမှှာ အသုံးပြုနေပါတယ်။ ရုရှား ရဲ့ Uran-6 စက်ရုပ်ယာဉ်ဟာ မို်င်းရှင်းတဲ့နေရာမှာ အသုံးဝင်သလို၊ မပေါက်ကွဲသေးတဲ့မိုင်းတွေရှိတဲ့ နေရာတွေ ကို ရှင်းလင်းရာမှာ လည်း အသုံးဝင်ပါတယ်။

အမေရိကန် နိုင်ငံကလညး် စက်ရုပ်တပ်ဖွဲ့တွေကို သယ်ယူပို့ဆောင်ရေး၊ အင်အားဖြည့်တင်းရေး စစ်ဆင်ရေးတွေမှာ အသုံးပြုလျက်ရှိပါတယ်။ ယူကရိန်း စစ်ပွဲမှာ အစိုးရ စစ်တပ် နဲ့ ရုရှားထောက်ပံ့ခံ ခွဲထွက်ရေး တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ ယူကရိန်းအရှေ့ဘက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ အဆိုပါစစ်ပွဲ ဟာ ယခုအချိန်အထိ ပြီးဆုံးခြင်းမရှိသေးပါဘူး။

Source: Newsweek

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။