နိုင်ငံတကာသတင်းများ

လျော့တွက် လို့ မရတဲ့ မြောက်ကိုရီးယား ရဲ့ ဆိုက်ဘာစစ်ပွဲ စွမ်းရည်

Tom လွန်ခဲ့သော ၉ နေ့ က

မြောက်ကိုရီးယား ရဲ့ ဟက်ကာ တွေဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဆိုက်ဘာတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယား ရဲ့ ဆိုက်ဘာတိုက်ခိုက်နိုင်မှု စွမ်းရည် ဟာ အရေးပါတဲ့ စွမ်းရည်တစ်ခု ဖြစ်လာခဲ့ပါပြီ။ ဆိုက်ဘာတ်ိုက်ခိုက်မှု ကို တောင်ကိုရီးယား နိုင်ငံမှ ငွေကြေးများ ခိုးယူမှုအတွက် ပြုလုပ်ခဲ့ကြပါတယ်။ ပြုံယမ်း ရဲ့ ဆိုက်ဘာတိုက်ခိုက်မှု တွေကို တိုင်းပြည်ရဲ့ နျူးကလီးယား အစီအစဉ် နဲ့ ဒုံးပျံပစ်ခတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာချိန်မှာ ရဲရဲတင်းတင်း လုပ်ဆောင်လာတာပါ။

“မြောက်ကိုရီးယား ရဲ့ ဆိုက်ဘာလက်နက်တွေဟာ သမားရိုးကျလက်နက်များ ကဲ့သို့ပင် ဖျက်ဆီးနိုင်စွမ်းရှိတယ်” လို့ တောင်ကိုရီးယား တက္ကသိုလ်မှ ဆိုက်ဘာလုံခြံုရေး ပါရဂူက CNN ကိုပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “မြောက်ကိုရီးယား ရဲ့ ဆိုက်ဘာလက်နက်တွေဟာ တွမ်မဟော့ခ် ဒုံးပျံများ ကဲ့သို့ ပင် တိုင်းပြည်ရဲ့ ဓာတ်အားပေးစနစ် နဲ့ ငွေရေးကြေးရေး စနစ်ကို ထိခိုက်စေနိုင်တယ်” လို့ ပြောကြားသွားပါတယ်။

မကြာသေးမီက မြောက်ကိုရီးယား ဟက်ကာတွေဟာ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတို့ရဲ့ မြောက်ကိုရီးယားကို ကျူးကျော်မယ့် စစ်ရေး စီမံချက်တွေကို ခိုးယူခဲ့ပါသေးတယ်။ ခိုးယူခံခဲ့ရတဲ့ အချက်အလက် ပမာဏဟာ ၂၃၅ gigabyte ရှိပြီး ဒါဟာ စာမျက်နှာပေါင်း ၁၅ မီလီယံ နဲ့ညီမျှတဲ့ ပမာဏလည်းဖြစ်ပါတယ်။ အဆိုပါ စာရွက်စာတမ်းတွေထဲမှာ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတို့ရဲ့ ကင်ဂျံုအန်းကို ဖယ်ရှားမယ့် အစီအစဉ်တွေလည်းပါ၀င်ပါတယ်။

Source: CNN News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။