မန်စီတီးအသင်းရဲ့ ကစာသမားဟောင်း နာဆရီဟာ နွေရာသီအပြောင်းအရွှေ့မှာ သူ့ကို ကမ်းလှမ်းခဲ့တဲ့ ကလပ် ငါးသင်းကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။မန်စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာက သူရဲ့ Plan အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် နာဆရီဟာ အသင်းကနေ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။

နာဆရီဟာ အမ်တယ်ယာစပေါအသင်းကို ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ဒီအသင်းကိုမပြောင်းမှီ နာဆရီက " အေစီမီလန်အသင်းက သူ့ကိုခေါ်ယူဖို့ နီးစပ်ခဲ့ပေမဲ့ ကျွန်တော် အမ်တယ်ယာစပေါအသင်းကို သာ ရွေးချယ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။နောက်ပြီး လိုင်ယွန်၊ မာဆေးလ်၊ ဂါလာတာစာရေး၊ ဘတ်ဆစ်တပ် အသင်းကလည်း ကျွန်တော့်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့လို့ ထုတ်ဖော်ပြောခဲ့တာလည်းဖြစ်ပါတယ်။

အမ်တယ်ယာစပေါအသင်းမှာ လက်ရှိကစားနေတဲ့ နာမည်ကျော်ကစားသမားအချို့ကတော့ အီတူး၊ ဂျရက်မီ မန်နက်၊ ဂျိုးရူး၊ မိုင်ကွန်၊ နာဆရီတို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။အမ်တယ်ယာစပေါအသင်းဟာ လက်ရှိမှာ ရလဒ်တွေဆိုးဝါးနေတာဖြစ်ပြီး အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။အဆင့် ၁ နေရာမှာတော့ ဂါလာတာစာရေးအသင်းက ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

source - squawka football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။