နာမည်ကျော်အဆိုတော် မနောဟာ ယနေ့ အောက်တိုဘာ(၁၂)ရက်နေ့မှာ ငါန်းဇွန်မြို့မှာ ဘုရားထီးတော်တင်ပြီး အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘုရားရွှေထီးတော်တင်ခြင်းနှင့် ဘုရားအနေကဇာတင် အလှူပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ငါန်းဇွန်မြို့နယ်မှာ မိသားစုကိုယ်တိုင်တည်ထားကိုးကွယ်တဲ့ အလိုတော်ပြည့်စေတီတော်ဘုရား ရွှေထီးတော်တင်ခြင်းနှင့် ဘုရားအနေကဇာတင် အလှူကို ငါန်းဇွန်မြိ့နယ် ရွာသစ်ရွာရှိ အောင်မြေရတနာကျောင်းတိုက်မှာ ပြုလုပ်ကျင်းပခဲ့တယာ ဖြစ်ပါတယ်။ ငါးခြောက်၊ ပဲကြော်၊ ပဲတီချဉ်သုပ်၊ ငြုပ်ကြော်၊ မှန်ရောင်ဟင်းချိုတို့နဲ့လည်း စတုဒီသာ ဧည့်ခံကျွေးမွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ(၁၁)ရက်နေ့မှာ မနောက ဒီနေ့ အလှူကို သူရဲ့ fb စာမျက်နှာမှာ ပရိသတ်များကို ဖိတ်ကြားထားတာ တွေ့ရပါတယ်။ “မဂ်လာပါ မနက်ဖြန် သီတင်းကျွတ်လပြည့်ကျော်(၇)ရက်နံနက်(၈:၀၀)တိတိမှာ ကျွန်တော်တို့မိသားစုတည်ထားကိုးကွယ်သော ?အလိုတော်ပြည့်စေတီတော် ?ရွှေထီးတော်တင်နှင့်ဘုရားအနေကဇာတင်ပွဲသို့ တေးချစ်သူ မိတ်ဆွေ သူငယ်ချင်းအပေါင်းတို့လာရောက်ကုသိုလ်ယူပါရန် ဖိတ်ကြားအပ်ပါသည် ငါန်းဇွန်မြို့နယ် ရွာသစ်ရွာ အောင်မြေရတနာကျောင်းတိုက်သို့ ? *ငါးခြောက်ချက် ပဲကြော် ပဲတီချဉ်သုပ် ငြုပ်ကြော် မှန်ရောင်ဟင်းချိုဖြင့် ကျွေးမွေးဧည့်ခံပါမည်ခင်ဗျားးမောင်မနော*** ” ဟု ရေးသားထားပါတယ်။

အဆိုတော် တေးသံရှင် မနောဟာ တေးသီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်အားပေးမှု များစွာ ရရှိခဲ့တာ ဖြစ်ပြီး သူ့ရဲ့ တေးသီချင်းများဟာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ပါတယ်။ အနုပညာမှာ အောင်မြင်မှုတွေရရှိထားသူဖြစ်ပြီး ဘာသာရေးလည်း လိုက်စားပြီး ပရဟိတအလုပ်တွေကိုလည်း မကြာခဏ ပြုလုပ်လှူဒါန်းလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းကလည်း သူ့ရဲ့ MTVသီချင်းအသစ်တစ်ပုဒ်ကို သူ့ရဲ့ fb စာမျက်နှာမှ တဆင့် ပရိသတ်တွေဆီ ဖြန့်ချီပေးခဲ့ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ရှိုးပွဲတွေဆိုနေရပြီး ကြေညာများလည်း ရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။