ပရိတ်သတ်အခိုင်အမာရထားတဲ့မင်းသားအောင်ရဲလင်းတစ်ယောက်ကတော့ အရင်ကနဲ့ မတူပဲအများကြီးပြောင်းလဲထားပါတယ်လို့ဆိုပါတယ်။ အရင်ကအီမိုကေလေးနဲ့ ချစ်စရာ ကောင်းတဲ့ပုံစံကလေ အခုနောက်ပိုင်းမှာ အရမ်းကိုလန်းတဲ့ Type တစ်ခုကို ပြောင်းလဲ လိုက်တာပါ။ ဒါကြောင့်ပဲနှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေတာထင်ပါရဲ့။ ပြောင်းလဲ လိုက်တဲ့မင်းသားရဲ့ အရမ်းလန်းတဲ့ Style ကို ပရိတ်သတ်တော်တော်များများကလဲ သဘော ကျနှစ်သက်ကြပါတယ်။

မင်းသားအောင်ရဲလင်းပြောင်းလဲလိုက်တာ သူ့ရဲ့ဝတ်စားပုံ ဆံပင်ပုံစံတင်မကပဲ၊ သူ့ရဲ့ သရုပ်ဆောင်မှုတွေကိုပါပြောင်းလဲလိုက်တာပါ၊ တည်ငြိမ်တဲ့ပုံစံနဲ့ Professional ကျကျ သရုပ်ဆောင်ချက်တွေကတော့ ပရိတ်သတ်တွေအကြိုက်ပဲပေါ့။ ဇာတ်ကားတွေကို လက်ခံတဲ့အခါမှာလဲ သတ်မှတ်ထားတဲ့ Rules (စံနှုန်း) တစ်ခုနဲ့လက်ခံသွားမယ်လို့ ဆိုပါတယ်။ ကြော်ငြာတွေ ရုပ်ရှင်တွေကိုလဲ ထိုနည်းလည်းကောင်းပဲလက်ခံဖြစ်သွားမယ်လို့ ပြောပါတယ်။ အဓိကအားဖြင့် Quality တကယ်ကောင်း အောင်ရိုက်နိုင်မယ့် ဇာတ်ကားမျိုး တွေကိုပဲ ဦးစားပေးရိုက်ကူးတော့မှာပါ။

အရင်ကကိုယ့်ဇာတ်ကားတွေ Sky Net မှာလာရင်ပိတ်ပစ်လိုက်တယ်လို့လဲပွင့်ပွင့်လင်းလင်း ပြုံးပြုံးရွှင်ရွှင်ပြောလာပါသေးတယ်။ ကိုယ်တိုင်တောင်မခံစားနိုင်ပေမယ့် အဲဒီ့အချိန် တွေကတည်းက အားပေးတဲ့ပရိတ်သတ်ကိုလဲ ကျေးဇူးတင်ကြောင်းဖွင့်ဟခဲ့ပါတယ်။ ကိုယ့်ကားကိုယ်ကြည့်တဲ့အချိန်မှာကိုယ်တိုင်ပိတ်လိုက်ရတဲ့ကားမျိုးမ ဖြစ်ချင်တော့ပါဘူးတဲ့။ ပြန်ကြည့်လိုက်တဲ့အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူချင်တယ်၊ ကိုယ်လုပ်တဲ့ အလုပ် ပေါ်မှာ ယုံကြည်မှုအပြည့်ရချင်တယ်လို့ ပရိတ်သတ်ကိုလေးစားသမှုပြုခဲ့ပါတယ်။ Quality ရှိတဲ့ကားတွေကိုလက်ခံဖို့ Quality ပြည့်တဲ့မင်းသားဖြစ်အောင်လဲ ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်ချက်တွေကိုပြောင်းလဲလိုက်တဲ့အစပိုင်းမှာတော့ အခက်အခဲတွေရှိပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေရှိလာပြီး နောက်ပိုင်းဇာတ်ကားတွေ ဘယ်ကားလာလာပိတ်တော့မှာမဟုတ်ပါဘူးတဲ့။ ကိုယ်ကြိုးစားထားတဲ့ ကြိုးစားမှုအပေါ် မူတည်ပြီး အနုပညာကြေးကိုသတ်မှတ်မှာဖြစ်ပြီး ဈေးတွေအများကြီးလဲ မတောင်းသလို ဈေးတွေနည်းနည်းပဲတောင်းပါမယ်လို့လဲပြောနေမှာမဟုတ်ဘူးလို့ ပြောလာတဲ့ မင်းသား အောင်ရဲလင်းတစ်ယောက် အနုပညာလမ်းကြောင်းမှာမှာ ဆထက်တပိုး အောင်မြင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Source from Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။