ဟန်သီကတော့ အနုပညာချစ်ပရိသတ်တွေတော်တော်များများကတော့ သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။အနုပညာလောကမှာ နာမည်ရရှိလာတဲ့ ငယ်ရွယ်တဲ့ အနုပညာရှင်ဆိုလည်းမမှားပါဘူး။သူမမှာလည်း ခိုင်မာတဲ့ ပရိသတ်တွေ ရရှိထားသလို ချစ်စရာကောင်းတဲ့ဟန်ပန်တွေက သူမကိုအမြဲစွဲဆောင်ထားတာကတော့ အမှန်ပါ။

လက်တလောမှာတော့ ဟန်သီဟာ မိသားစုနဲ့အတူ ဘန်ကောက်ကို အလည်သွားနေတယ်လို့ သူမရဲ့လူမှုကွန်ယက်ပေါ်မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။ဟန်သီရဲ့ မိသားစုနဲ့ကြည်နူးစရာမြင်ကွင်းတွေကို ပရိသတ်တွေ တွေ့မြင်စေဖို့တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ဟန်သီရဲ့ပရိသတ်တွေကတော့ သွားလမ်းသာလာလမ်းဖြောင့်ပါစေကလေးဆိုတဲ့ ကွန်မန့်လေးတွေရေးသားထားတာကိုလည်းတွေ့ရပါတယ်။

ပရိသတ်တွေကတော့ သူမကို ကလေးလေးတစ်ယောက်မျက်စိထဲမှာ အပြစ်ကင်းစင်သူလေးလို့ သက်မှတ်ထားကြပါတယ်။ဒါကလည်း ချစ်စရာကောင်းတဲ့ဟန်ပန်တွေနဲ့ရိုးရှင်းတဲ့ ဝတ်စားဆင်ယင်မှုတွေ့ကြောင့်လို့ပြောရမယ်ထင်ပါတယ်။ဟန်သီရဲ့ ပရိသတ်တွေရှိခဲ့မယ်ဆိုရင်လည်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းဖို့အားရှိစေမယ့် စာသားလေးတွေ ပြောခဲ့ပေးပါအုံးလို့ တောင်းဆိုပရစေ ..............ကျေးဇူးအများကြီးတင်ပါတယ်

သတင်းအရင်းအမြစ်-ဟန်သီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။