Twilight ဇာတ်ကားနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဟောလိ၀ုဒ်မင်းသား ရောဘတ်ပတ်တင်ဆန်ကို မြန်မာပရိသတ်တွေလည်း ရင်းရင်းနှီးနှီးသိပြီးသားဖြစ်မှာပါ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တဲ့ မင်းသားချော ရောဘတ်ပတ်တင်ဆန် ဟာ သူ့အပြုအမူ ၊သူ့လှုပ်ရှားမှုတွေနဲ့ အချစ်ရေးက ပါပါရာဇီတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံရသူထဲမှာပါ၀င်ပါတယ်။

လက်တလောမှာတော့ ရောဘတ်တစ်ယောက် သူ့ရဲ့ချစ်သူကောင်မလေး အဆိုတော် FKA Twigs နဲ့ လမ်းခွဲလိုက်ပြီလို့သိရပါတယ်။

Single ပြန်ဖြစ်သွားပြီဖြစ်တဲ့ ရောဘတ်ဟာ နာမည်ကျော် အင်္ဂလန်အဆိုတော်မလေး ာ FKA Twigs နဲ့ (၂၀၁၄)ခုနှစ်ထဲက တွဲခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကောင်မလေးမတိုင်ခင်မှာတော့ အားလုံးသိကြတဲ့အတိုင်း Twilight မင်းသမီးချော Kristen Stewart နဲ့ ချစ်သက်တမ်း(၄)နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီး (၂၀၁၂)ခုနှစ်မှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

ရောဘတ်တစ်ယောက် အချစ်ရေးအခြေအနေ တည်ငြိမ်သွားပြီလို့ ထင်ရပေမယ့် အခုတော့ အလန်းဇယားအဆိုတော်မလေး FKA နဲ့လည်း ပြတ်သွားပြန်လို့ဆိုပါတယ်။.

လူပျိုကြီးလုပ်တော့မှာလား စောင့်ကြည့်ရမယ်နော်။

မိန်းကလေးပရိသတ်တွေကတော့ ၀မ်းသာနေကြမယ်ထင်တယ်နော်။  

Source : Thesun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။