မြန်မာပရိသတ်တွေ အနေနဲ့ သူမကို ဟယ်ရီပေါ်တာ၊ “Beauty and the Beast” စတဲ့ဇာတ်ကားများနဲ့ သိကြမှာပါ။ မင်းသမီး Emma Watson ဟာ ဗြိတိန်မင်းသမီး၊ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမ ရဲ့ မွေးနေ့ကတော့ ဧပြီလ ၁၅ ရက် ၁၉၉၀ ခုနှစ်ဖြစ်ပါတယ်။ သူမဟာ ပြင်သစ်မှာ မွေးဖွားခဲ့ပြီး ဗြိတိန် အောက်စဖို့ဒ်ရှိုင်းယား မှာ ကြီးပြင်းခဲ့တာပါ။ သူမဟာ ငယ်စဉ်တုန်းက Stagecoach Theatre Arts ဆိုတဲ့ အနုပညာကျောင်းမှာ မင်းသမီးဖြစ်ဖို့ တက်ရောက်သင်ကြားခဲ့ပါတယ်။

သူမဟာ သူမရဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့ ဟယ်ရီပေါ်တာဇာတ်ကားမှာ သရုပ်ဆောင်ရင်းလူသိများကျော်ကြားလာခဲ့ပါတယ်။ မင်းသမီး Emma Watson ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၁ခုနှစ် အထိ ရိုက်ကူးခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်ကား ရှစ်ကားလုံးမှာ ပါ၀င်သရုပ်ဆောင်ခဲ့ပါတယ်။ သူမ ဟာ နို်င်ငံတကာ တစ်ဝှမ်း အားပေးထောက်ခံမှု ရရှိခဲ့ပါတယ်။

မင်းသမီး Emma Watson ဟာ အနုပညာ အလုပ် နဲ့ ပညာရေး ကို ခွဲခြားထားနိုင်ခဲ့ပါတယ်။ ၂၀၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ပညာကိုဆက်လက်သင်ကြားခဲ့ပါတယ်။ မေလ ၂၀၁၄ ခုနှစ်မှာတော့ အင်္ဂလိပ်စာပေ နဲ့ Bachelor Degree ဘွဲ့ကို ရရှိခဲ့ပါတယ်။ သူမ ရဲ့ ပရိသတ်တွေကတော့ သူမ ကို တမ်းတမ်းဆွဲ အားပေးနေကြဆဲပါ။

Source: International Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။