ရုပ်ရှင်သရုပ်ဆောင် မော်ဒယ် မင်းးသမီးချောလေး ရွှေသမီးကသူမရဲ့ သိက္ခာကိုထိပါးလာတဲ့ Comment ကို ပြန်တုန့်ပြန်လိုက်ပါတယ်။ မကြာသေးခင်က ရွှေသမီး ဖြေထားတဲ့ အင်တာဗျူးတစ်ခု အောက်မှာ မန့်ထားတဲ့ Comment ကို ပြန်လည် ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ “မိန်းမချင်းကြိုက်နေတဲ့သူလည်း မဟုတ်သလို ဒီအရွယ်အထိလည်း ရည်းစားမထားသေးဖူးသေးပါဘူး.. Crush နေတဲ့ သူတော့ ရှိပါတယ်” ဆိုတဲ့ ရွှေသမီးဖြေထားတဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာမှာ နာမည်ကြီးလူကြည့်များခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အင်တာဗျူးကို ရွှေသမီးက သူမရဲ့ fb မှာ “သူသိပါစေ” ဆိုပြီး ပြန်ရှယ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ “ရည်းစားတာ မထားဖူးတာ သမီးရယ်.. သင်္ကြန်တုန်းက ဗန်းဒေ့ရှ် Luxury မှာ ညအိပ်ဝတ်စုံလေးနဲ့ မနက်စာ စားတဲ့ အကြောင်းလေး..” ဆိုပြီး မန့်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ Comment နဲ့ ပတ်သတ်ပြီး လူပြောများလာပြီး သူမရဲ့ သိက္ခာကို ထိပါးလာခဲ့တဲ့အတွက် ရွှေသမီးက အခုလို ပြန်လည် ဖြေရှင်းထားပါတယ်။ “facebookမှာဒီcommentကိုမြင်တဲ့သူကမြင်တယ် screenshotရိုက်ပြီးပို့ပေးတယ် ပြောတဲ့သူမေးတဲ့သူရှိလာရင်တော့ ရွှေ့ဘက်ကဖြေရှင်းပေးဖို့တာဝန်ရှိပါတယ် ✌️ဟုတ်ကဲ့..ကျွန်မရွှေသမီး ဒီဟိုတယ်ကိုသိပါတယ် ခေတ်နောက်ကျတယ်ဘဲပြောပြော ပိုတယ်ဘဲပြောပြော ဒီဟိုတယ်ပေါ်မှာညအိပ်ဝတ်စုံလေးဝတ်ပြီးမနက်စာစားဖို့မပြောနဲ့ ဟိုတယ်အပေါက်ဝတောင်မရောက်ဖူးပါဘူးရှင့် ?

ရှုတင်နဲ့ကမ်းနားကိုရောက်ရင်တောင် အဲ့ဘက်ကိုသွားမရိုက်ဖြစ်တဲ့အတွက် စပ်စုချင်ရင်တောင်မသွားဖြစ်ပါဘူးလို့ ။ ?သင်္ကြန်ဆို ရန်ကုန်မှာရှိတာ ၃နှစ်လောက်ရှိပါပြီ ၃နှစ်လုံးအိမ်ထဲမှာဘဲနေပါတယ် သင်္ကြန်တွင်းအပြင်မထွက်ချင်ရင် အလုပ်ရှိရင်တောင်cancelလုပ်ဖြစ်တာများပါတယ် ရေးတဲ့သူကအတိအကျဆိုတော့မေးတဲ့သူလဲများတာပေါ့နော် ရွှေကလဲဖြေရှင်းရတော့တာပေါ့နော် ?ပြီးတော့လေ ရွှေသာဆို မနက်စာကို အဲ့လိုလူမြင်ကွင်းမျိုး အဲ့လိုဟိုတယ်မှာဆို(အောင်ပင်လယ်သူလေးဆိုတော့ အဲ့လိုဟိုတယ်မျိုးကကြီးတယ်ပေါ့နော် ?)

လှလှပပလေးဝတ်ပြီး မနက်စာစားမှာပါလို့(စိတ်ကူးကြည့်တာပေါ့နော် ?)အိမ်မှာမနက်စာစားရင်တော့

ညအိပ်ဝတ်စုံစုတ်စုတ်လေးတွေဘဲဝတ်ပြီး စားပါတယ်လို့ ?သိလိုသူများ သိချင်သူများအတွက်

ဖြေရှင်းပြောပြရခြင်းဖြစ်ပါတယ် commentရေးပေးတဲ့ အစ်ကို/အစ်မ(အစ်ကိုလား အစ်မလားမသိလို့ပါ)လဲ အဲ့ဟိုတယ်မှာညအိပ်ဝတ်စုံလေးနဲ့မနက်စာစားနေတာ ရွှေသမီးမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်ရှင့် ? ✌️

ချစ်ခြင်းများစွာဖြင့် ရွှေသမီး ” လို့ ရွှေသမီးက ပြန်လည်ရှင်းပြထားတာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။