ဒီအဖြစ်အပျက်ကလေးကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။တရားခံအမျိုးသမီးသည် ပုသိမ်မြို့ပေါ်မှာရှိတဲ့ အလှပြင်ဆိုင်တွေနဲ့ အပ်ချုပ်ဆိုင်တွေကို ပစ်မှတ်ထားပြီး ဖုန်းတွေကို လိုက်လံခိုးယူမှုတွေကြောင့် ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ ထိုအမျိုးသမီးသည် အလှပြင်ဆိုင်တွေမှာ အလှပြင်ခြင်း ခေါင်းလျှော်ခြင်းတွေ ပြုလုပ်ပြီးလူလစ်ချိန်မှာ ဖုန်းတွေကို ခိုးယူခဲ့တာဖြစ်ပြီး အလားတူအပ်ချုပ်ဆိုင်တွေမှာလည်း အထည်တွေ သွားအပ်ပြီး လူလစ်ချိန်တွင် ဖုန်းတွေကို ခိုးယူခဲ့ပြီး ဖမ်းမိချိန်မှာတော့ ဖုန်း ၃ လုံးကို လက်ဝယ်ဖမ်းမိပြီး ၂၃ လုံးကိုတော့ ရောင်းချထားပြီးပြီ ဖြစ်တယ်လို့ ပုသိမ်မြို့မရဲစခန်းကပြေးာကြားခဲ့ပါတယ်။

ရဲအုပ်ဇော်မင်းထွန်းက “ဖမ်းမိတဲ့အမျိုးသမီးဟာ အလှပြင်ဆိုင်နဲ့ အပ်ချုပ်ဆိုင်တွေကိုသွားရင် ဆွဲကြိုးအကြီးကြီးတွေ လက်ကောက်တွေ အများကြီးဝတ်သွားတော့ သူ ခိုးတယ်လို့ သိပ်မထင်ကြဘူး။ ဝတ်သွားတာတွေကလည်း ရွှေအတုတွေပါ။ အဲ့ဒါ ဖုန်းပျောက်တာလည်း တဆိုင်ကို တလုံး နှစ်လုံးထဲ ဆိုတော့ အမှုမဖွင့်ချင်ကြတာ ထင်ပါတယ်”လို့ ပြောပါတယ်။

သတင်းအရင်းအမြစ်-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။