ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ဟာ ရှင်းရှင်းဘွင်းဘွင်း ပြောဆိုနေထိုင်တတ်သူပါ ။

သူမကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်အများအပြားရှိသလို ခင်ပွန်းသည် ကိုဘင်းကလည်း

ပရိတ်သတ်တွေ အသိအမှတ်ပြုရတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးပါပဲ ။ ဒီလိုအနုပညာမိသားစုမို့

အနုပညာအလုပ်ကို တန်ဖိုးထားပေမယ့် သူမတို့အလုပ်ကို တန်ဖိုးမထားတဲ့ ဇာတ်ကားရိုက်ကွင်း တာဝန်ရှိသူတစ်ဦးကို

သူမက မကျေနပ်တာတွေ ဒဲ့ပြောထားတာပါ ။ 

" ကဲ....​ရေးပြီ​နော်​...

စကားလုံးများကြမ်​းတမ်​းရိုင်​းစိုင်​းသွားရင်​ဖြင်​့ ခွင်​့လွတ်​​ပေးပါလို့ကြို​တောင်​းပန်​ထားပရ​စေ....

ပွင်​့လင်​းမြင်​သာမှု ရှိတဲ့​ခေတ်​မှာ ပွင်​့ပွင်​့လင်​းလင်​းပဲရှိချင်​ပါတယ်​....ခု​ချောင်​းသာမှာသွားရိုက်​တဲ့ ရုပ်​ရှင်​ကားကြီးရဲ့ အ​တွေ့အကြုံ ​လေးပါ....

ဒါရိုက်​တာက By name တပ်​ပြီး​ခေါ်လို့ ​စျေးပိုရဖို့ မ​မျှော်​လင်​့နဲ့.....လက်​ရှိယူ​နေတဲ့​စျေးထက်​ ၁သိန်​းတိတိမရရ​အောင်​စစ်​တယ်​....ထားလိုက်​​တော့....ဝတ်​ရတာ​တွေ ​တွေ့မှာပါ....ဒါရိုက်​တာ​ပြောတဲ့အတိုင်​း ကာရိုက်​တာကိုသစ္စာရှိပါတယ်​.....အိတ်​ထဲကစိုက်​ပြီးကိုဝယ်​ပါတယ်​.....မကျန်​ပါဘူး ...ဒါလဲ ဘာမှမဖြစ်​ပါဘူး...ကိုယ်​့ကို​ပေးတဲ့ ကာရိုက်​တာကို ပီပြင်​​အောင်​လုပ်​ရမှာပဲ....ခိုလို့ရ​ပေမယ်​့ မခိုခဲ့ပါဘူး....မ​ခေါ်စဖူး မိတ်​ကပ်​ဆရာပါ ​ခေါ်လိမ်​းတာပါ.....ရန်​ကုန်​မှာ ရိုက်​ကတည်​းက တင်​း​နေတာပါ.....ဟိုတယ်​မှာ ရိုက်​​တော့

ကိုယ်​့ပိုက်​ဆံနဲ့ကိုယ်​ အခန်​းဌားပြီး​နေရတယ်​....ဒါလဲ ရ​သေးတယ်​.....ခု ​ချောင်​းသာ သွားရိုက်​​တော့ ကျွန်​မ ခ​လေးနဲ့မိသားစုပါလာတယ်​...ကိုယ်​့စရိတ်​နဲ့ကိုယ်​​လိုက်​တာ​နော်​.....ပါလာတယ်​ဆိုလို့ အခန်​း​တွေဌား​ပေး ထမင်​း​တွေ​ကျွေးတယ်​ ထင်​​နေမှာစိုးလို့....

ကဲ....စပြီ.....ကျွန်​မတို့ ဇာတ်​ပို့​တွေကိုထား​ပေးတဲ့​နေရာ....နံပါတ်​ ၁....ရိုက်​ကွင်​းနဲ့ ​ဝေးတယ်​...ကျွန်​မကကားပါတယ်​....ထားလိုက်​....ကားမပါတဲ့သူ​တွေ ဆိုင်​ကယ်​ကယ်​ရီနဲ့သွားရပြန်​ရတယ်​....

နံပါတ်​ မှာ ၂...ရန်​ကုန်​မှာ စရိုက်​တဲ့​နေ့ကတည်​းက ပြန်​တဲ့​နေ့အထိ ​ရေလုံးဝမတိုက်​ပါဘူး....

အဓိက Main ​တွေကျ​တော့ မနက်​ထဲက ​နောက်​လိုက်​​တွေလက်​ထဲ ​ရေဗူး​တွေ သွားသွား​ပေး​နေတာ ​တွေ့ရတယ်​......ဟုတ်​ကဲ့....ကျွန်​မတို့ ဇာတ်​ပို့​တွေက ​​ရေ​သောက်​ဖို့ပါးစပ်​မပါလာပါဘူး....​တော်​ကီ​တွေ​ပြောရလို့ ​သောင်​ပြင်​မှာ​ပြေးရလို့ မ​မောတတ်​ပါဘူးရှင်​...​​ရေဆာလို့​တောင်​းတိုင်​း ကိုယ်​့ဖာသာ သူ​တောင်​းစားဘဝက်​ို​ရောက်​သွားသလိုကို ခံစားမိတယ်​....ပြန်​​ပြောတာ​လေးက လှပါတယ်​....​ရေ​တွေကကား​ပေါ်မှာပါတယ်​တဲ့.... အလုပ်​​တွေတအားရှုတ်​​နေကြတာ...လိုက်​မ​ပေးနိုင်​ဘူးတဲ့....​သြော်​....လို့ တစ်​လုံးပဲ ထွက်​သွားတယ်​...ပါးစပ်​က....ရိုက်​တဲ့​ဟော်​တယ်​ကမှာ​သောက်​​​တော့ ဝိတ်​တာကလာ​ပြောတယ်​....တစ်​ခါထဲရှင်​းပါတဲ့....အမတို့မန်​​နေဂျာက မှာထားလို့တဲ့.... :) :) :)​နောက်​​နေ့​ရေဗူးကို ပါကင်​လိုက်​ယူချလာလိုက်​တယ်​....ဇာတ်​ပို့​တွေ​ရော စက်​အဖွဲ့က​ရော အကုန်​လုံးလာယူ ​သောက်​ကြတယ်​.... မှတ်​ထား ​ရေအကျိူ းဆယ်​ပါး အလှူ ​တောင်​ဖြစ်​​သေးတယ်​..

နံပါတ်​မှာ ၃....​ချောင်​းသာမှာထားတဲ့ အခန်​း ၂​သောင်​းခွဲခန်​းတဲ့ရှင်​....ကန်​​တော့ပါရဲ့....ဖာခန်​းလားမှတ်​ရတယ်​....အိပ်​ယာခင်​းက အကွက်​​ပေါင်​းများစွာ

​စောင်​ဆိုတာ အ​ရောင်​​တောင်​မရှိ​တော့ဘူး ရွံလို့ခုံ​ပေါ်တင်​ထားရတယ်​....tv ​ရေခဲ​သေတ္တာပါဖို့​နေ​နေသာသာ ​ရေဗူး​တောင်​မ​ပေးဘူး....အိမ်​သာ​ရေချိူ းခန်​းဆိုတာ ​တွေးသာကြည်​့လိုက်​​တော့.....air con က တပ်​ထားတာ ဟန်​ပြ....မလာတာများတယ်​....လာ​တော့လဲ ​ဘေးမှာ ရထားကြီးတစင်​းခုတ်​​မောင်​း​နေသလို အသံကြီးနဲ့....ခြင်​​တွေကလှူ ထားတဲ့​သွေး​တွေစုတ်​ပြီး ပျံ​တောင်​မပျံနိုင်​ကြဘူး....ကဲ....၁ရက်​လုံး ၁ညလုံး ဒုက္ခ​တွေခံံ ​နေပြီး မနက်​ကျ​တော့ ကိုယ်​့အိတ်​ကစိုက်​ကာ ​ပြောင်​းလိုက်​ရတယ်​....၃​သောင်​းခန်​း ရှုတင်​နဲ့မျက်​​စောင်​းထိုး​လေးပါ....သပ်​ရပ်​သန်​့ရှင်​းမှု့ ဝန်​​ဆောင်​မှု့ ဖက်​ဆက်​လတီ အပြည်​့.....သူတို့ထားတဲ့ ၂​သောင်​းခွဲနဲ့ ၅​ထောင်​ပဲကွာတာ​နော်​....ကျွန်​မတို့ အဲ့​လောက်​အဆင်​့နဲ့​တော့ ​နေသင်​့ပါတယ်​ရှင်​....ကိုယ်​​တွေကိုသာ ဖာခန်​း​လောက်​ကိုထားတာ....

မန်​​နေဂျာက သူ့မိသားစု လိုက်​လာ​တော့ ၅​သောင်​းခွဲတန်​တဲ့ ဟိုတယ်​မှာ ထားတယ်​ရှင်​...သူ့ပိုက်​ဆံနဲ့သူထားတယ်​ဆို​ပေမယ်​့ ကိုယ်​ချင်​း​လေး​တော့စာ​ပေး​လေ....ကျွန်​မတို့က အ​ပျော်​လိုက်​လာကြတာမဟုတ်​ဘူး....ရိုက်​​တော့ day night ...ညပြန်​ပြီးအိပ်​ယာ​လေး​ပေါ်​ခေါင်​းချတဲ့အချိန်​​လေးကိို​တော့ စုတ်​ပြတ်​နံ​စော်​​နေတဲ့ ဖာခန်​းလို​နေရာမှာ မထားသင်​့ဘူး​ပေါ့ရှင်​....

ပရိုဂျူ ဆာ​တွေက အဲဒါ​တွေဘာမှမသိဘူးတဲ့...အန်​တီတို့...မသိ​တော့ သိ​အောင်​​တော့​ပြောပြခဲ့လိုက်​တယ်​​လေ....supporting ​တွေရင်​ထဲမှာ အကုန်​ feel ဖြစ်​​နေကြတယ်​....ထမင်​းအိုးကွဲမှာစိုးလို့မ​ပြောကြတာပဲရှိမယ်​....​ရေးချင်​တာ​တွေရှိ​သေးတယ်​ ကျန်​​သေးတယ်​....ဒါ​ပေမယ်​့ ဒီ​လောက်​ပါပဲ....

ps...အခု ကာ​းရဲ့ တာဝန်​ရှိသူကို ​ရေးခြင်​းဖြစ်​ပါတယ်​

တခြားမန်​​နေဂျာများ လုံးဝလုံးဝ ​ရေးခြင်​း​ပြောခြင်​းမဟုတ်​ပါ....:) :) :) " လို့ သူမက ဆိုတာပါ ။ 

ခုလက်ရှိမှာတော့ နှိုင်းယှဉ်မြင့်မိုရ်ဟာချောင်းသာကို ရောက်ရှိနေပြီး ရန်အောင် ဇေရဲထက် နန်းမြတ်ဖြိုးသင်းတို့ဇာတ်ဆောင်အဖြစ်ပါ၀င်သရုပ်ဆောင်ထားတဲ့ ပင်လယ်လုပွဲ ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် Nhying Shin Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။