ခွေးချစ်တတ်တယ်လို့ လူသိများတဲ့ ရုရှား သမ္မတ ပူတင် ကို တာ့ခ်မင်နစ္စတန် သမ္မတ Gurbanguly Berdymukhamedov က ခွေးပေါက်စလေး ကို မွေးနေ့လက်ဆောင် အဖြစ် ဗုဒ္ဓဟူးနေ့က ပေးအပ်ခဲ့ပါတယ်။ ပူတင်ဟာ အောက်တိုဘာလ ရ ရက်နေ့မှာ အသက် ၆၅ နှစ်ပြည့်ခဲ့တာပါ။ တာ့ခ်မင်နစ္စတန် သမ္မတ နဲ့ ရုရှားသမ္မတ ပူတင် တို့ Sochi မြို့မှာ တွေ့ဆုံစဉ် ခွေးပေါက်စလေး ကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့တာပါ။

ခွေးပေါက်စလေး နာမည် ကတော့ “Verny” ပါ။ “Verny” ရဲ့ အဓိပ္ပာယ်ကတော့ ရုရှားလို သစ္စာရှိခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ပူတင် ဟာ အဆိုပါခွေးလေးကို ရရှိစဉ်မှာတော့ ပြုံးပျော်နေခဲ့ပါတယ်။ ပူတင် ကို ချစ်စဖွယ် တိရစ္ဆာန်လေးတွေ နဲ့ တွဲမြင်ရတာ ယခုမှမဟုတ်ပါဘူး။ ယခင်ကလညး်သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးသွားရောက်ကြည့်ရှုစဉ် ခွေးကလေးတွေ၊ ကြောင်လေးတွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေမြင်တွေ့ရမှာပါ။

ခွေးလက်ဆောင်ရရှိတာ ယခုအခါ နဲ့ ဆိုလျှင် ပူတင် အတွက် သုံးကြိမ်မြောက်ပါ။ ယခင်ကလည်း ဘူဂေးရီးယား ၀န်ကြီးချုပ်ဆီက Buffy လို့ ခေါ်တဲ့ခွေးလေးရရှိခဲ့ပါသေးတယ်။ ပြီးတော့ ဂျပန်တာဝန်ရှိသူထံမှ Yume လို့ခေါ်တဲ့ ခွေးလေးလည်းရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ပူတင်ဟာ မြင်းတွေ၊ နဲ့ ကျားတစ်ကောင်ကို လညး်ရရှိခဲ့ပါသေးတယ်။

Source: Russia Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။