အနုပညာလောကရဲ့ ခေတ်တစ်ခေတ်ကိုလွှမ်းမိုးထားနိုင်ခဲ့တဲ့ မင်းသမီးပန်းဖြူနဲ့ ကြည်လဲ့လဲ့ဦးကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။အနုပညာလမ်းကြောင်းပေါ်မှာ ထိပ်တန်းမင်းသမီးတွေအဖြစ်နေရာယူထားခဲ့တဲ့ မင်းသမီးနှစ်ဦးကိုတော့ ယခုအခါတီဗီဖန်သားပြင်ပေါ်မှာ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာတော့ ပန်းဖြူနဲ့ကြည်လဲ့လဲ့ဦးကတော့ နေရာလေးတစ်ခုမှာရှိနေကြအုံးမယ်လို့ထင်ပါတယ်။ 

ဒီလိုပြန်လည် ရိုက်ကူးရေးတွေ ပြုလုပ်လာတဲ့အတွက်ကြောင့် ပရိသတ်တော်တော်များများက အားပေးမှုတွေနဲ့ အလွမ်းသည်နေကြတာကိုလည်းတွေ့မြင်ရပါတယ်။အနုပညာချစ်ပရိသတ်တစ်ယောက်အနေနဲ့ ယခုလို တချိန်ကကျွန်တော်တို့တွေ ကြွေခဲ့ရတဲ့မင်းသမီးတွေကို ပြန်လည်မြင်တွေ့ရလို့ကျေနပ်ဝမ်းသာရပါတယ်။ယခုပြသတဲ့ဓာတ်ပုံတွေကတော့ဒါရိုက်တာကိုဇော် (အာရုဏ်ဦး) ရိုက်ကူးနေတဲ့ "ဂယက်တွေပါဟယ် " ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းမှာ သရုပ်ဆောင်နေကြတဲ့ ခိုင်သင်းကြည် ၊ စမိုင်းလ် ၊ပန်းဖြူ နဲ့ ကြည်လဲ့လဲ့ဦးတို့ရဲ့ဓာတ်ပုံတွေပဲဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ မပန်းဖြူနဲ့ကြည်လဲ့လဲ့ဦးတို့ ဝနေတာတွေ့ရမှာပါ။ပရိသတ်တွေကတော့ ဘယ်လိုပဲဝနေပေမယ့် ရင်ထဲကအမြဲအားပေးနေတယ်ဆိုတဲ့စာသားလေးနဲ့အတူ ဝလို့လှလို့ဆိုတဲ့ကွန့်မန့်လေးတွေကိုလည်း တွေ့မြင်ရပါတယ်။

အနုပညာချစ်ပရိသတ်တွေအနေနဲ့ မပန်းဖြူနဲ့ ကြည်လဲ့လဲ့ဦးတို့ကို အားပေးဖို့စာသားလေးတွေပြောခဲ့ကြဖို့ တိုက်တွန်းချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။