ပွင့်လင်းတဲ့စရိုက် ချစ်စဖွယ်အမူအရာ အသံချိုချိုအေးအေးလေးတွေနဲ့ ပရိတ်သတ်ကိုဆွဲဆောင်နိုင်သူလေးကတော့ ပိုပိုပဲဖြစ်ပါတယ်။ သူမကကလေးတွေကိုလဲ ချစ်တတ်ပါသေးတယ်။ လူတန်းစားမခွဲခြားပဲ ခင်မင်ရင်းနှီးလွယ်တဲ့ သူမရဲ့ချစ်စဖွယ် စိတ်ထားလေးကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တော် နိုက်တင်ဂေးမလေးပေါ့။ အလန်းစား Fashion တွေနဲ့ အမြဲလန်းနေတဲ့ပိုပိုဟာ သူမရဲ့ ပထမဆုံးတေးစီးရီးဖြစ်တဲ့ “ ချစ်ဖူးခဲ့သမျှ ” ဟာလဲ ငါးနှစ်တာကာလကိုကျော်လွန်ခဲ့ပါပြီ။

ဂီတလောကမှာအောင်မြင်နေတဲ့သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ ကြောက် ကြောက် ကြောက် ” ဇာတ်ကားကို နေတိုး၊ ထွန်းထွန်း၊ ကျော်ကျော်၊ မင်းသွေး၊ နန်းမြတ်ဖြိုးသင်း၊ ခင်ဝင့်ဝါ၊ နန်းခင်ဇေယျာတို့နဲ့အတူ ရိုက်ကူးထားပြီး အောင်မြင်မှုတွေလဲရရှိထားပါတယ်။ နောက်ပိုင်းမှာလဲ Video ဇာတ်ကားတွေလဲရိုက်ကူးနေပါတယ်။ လက်ရှိနောက်ဆုံးမှာ “ ဒိုင်ယာရီအသစ် အချစ်ကဆိုက်ကို ” ဆိုတဲ့ဇာတ်လမ်းလေးကို ထူးခြား၊ ဟိန်းသစ် စတဲ့ သရုပ်ဆောင်တွေနဲ့တွဲဖက်ရိုက်ကူးလို့ပြီးဆုံးသွားပါပြီ။

Live လေးတွေမကြာမကြာလွှင့်တတ်ပြီး ပရိတ်သတ်နဲ့တရင်းတနှီးနေတတ်တဲ့ပိုပိုကို ပရိတ်သတ်တွေကလဲ ချစ်ခင်ကြပါတယ်။ မိဘမေတ္တာငတ်မွတ်ခဲ့ရတယ်လို့ Interview တစ်ခုမှာ ငိုပြီးပြောပြခဲ့ဖူးတာမို့ ပရိတ်သတ်တွေလဲစိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ သူ့အတွက်တော့ ပရိတ်သတ်ကမိသားစုပါပဲလို့လဲ ဆိုထားပါသေးတယ်။ ပထမဆုံးတေးစီးရီး ဖြစ်တဲ့ “ ချစ်ဖူးခဲ့သမျှ ” ထွက်အပြီးမှာနောက်ထပ် တေးစီးရီးတစ်ပုဒ်ဖြစ်တဲ့ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို ” ဆိုတဲ့စီးရီးကိုထပ်ထွက်ထားပြီး ပရိတ်သတ်အားပေးမှု လဲအများအပြားရရှိခဲ့ပါတယ်။ ခုနောက်ဆုံးသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ “ Thadingyut Festival ” ဆိုတဲ့သီချင်းလေးကို 27.9.2017 မှာ ဖြန့်ဝေခဲ့ပါသေးတယ်။ ပိုပိုတစ်ယောက် ဂီတလမ်းကြောင်းမှာပါမက ရုပ်ရှင်လောကမှာပါ အောင်မြင်မှုတွေရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။