မီးယပ်အဖြူဆင်းခြင်းက မိန်းကလေးတွေ အတွက် ရှင်းရခက်တဲ့ ကိစ္စဖြစ်ပြီး မကြာခဏ ကြုံတွေ့ရ တတ်တဲ့ ကိစ္စဆိုလည်း မမှားပါဘူး။ မိန်းကလေးတွေ အနေနဲ့ အနေအထိုင်၊ အစားအသောက် မဆင်ခြင်တဲ့ အခါမှာလည်း မီးယပ်ဖြူဆင်းတဲ့ ရောဂါကို ခံစားရတတ်ပါတယ်။ ဒီလို အဖြူဆင်းခြင်းကို သတိမထားဘဲ (သို့မဟုတ်) သေချာစွာ မကုသဘဲ ပေါ့လျော့မိပါက အသားအရေ စိုပြေခြင်း မရှိတော့ဘဲ တဖြည်းဖြည်းနဲ့ ပိန်လာပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 

မီးယပ်အဖြူ မဆင်းအောင် ဘယ်လို နေထိုင်ရမလဲ ???

- အိပ်ရေး ၀၀ အိပ်စက်ပါ။

- အာဟာရ ရှိသော အစားအသောက်များ သုံးဆောင်ပါ။

- ချွေးထွက်လွန်ခြင်း၊ ပင်ပန်းခြင်းက ရှောင်ကြဉ်ပါ။

- စိတ်ဖိစီးမှုကို လျှော့ချပါ။

- တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဦးစားပေး ဆောင်ရွက်ပါ။

- မိန်းမကိုယ်ကို သန့်ရှင်းစေရန် ဂရုစိုက်ပါ။

- သေချာစွာ လျှော်ဖွပ် မီးပူတိုက်ထားသော အတွင်းခံကိုသာ ၀တ်ဆင်ပါ။

- လိုအပ်လျှင် ဆရာဝန်နှင့် ကုသတိုင်ပင်ပါ။

မီးယပ်အဖြူဆင်းခြင်းကို ကုသနိုင်ဖို့အတွက် ဆေးမြီးတို တစ်လက်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ မန်ကျည်းစေ့ကို ရေစိမ်ပါ။ ရေစိမ်ခြင်း အနည်းငယ်ကြာပြီးနောက် မန်ကျည်းစေ့ကို အခွံချွတ်ပါ။ ထို့နောက် အခွံချွတ်ထားသော မန်ကျည်းစေ့ကို အမှုန့်ကြိတ်ပါ။ ထိုမန်ကျည်းစေ့မှုန့်အား နွားနို့ နှင့် ရောဖျော်၍ သောက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်အထိသာ သောက်သုံးပေးသင့်ပါတယ်။ နွားနို့ ပါ၀င်တာကြောင့် အလွန်အမင်းသောက်လျှင် ၀မ်းပျက်နိုင်ပါတယ်။ မီးယပ်အဖြူဆင်းခြင်းကို သက်သာပျောက်ကင်းသွားပြီဆိုလျှင် ဆေးသောက်ခြင်းကို ရပ်တန့်နိုင်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။