လှပပြီးဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ Miss ဂုဏ်ရည်အေးကျော် ဟာ

စင်မြင့်ထက်မှာ စာရွက်တစ်ရွက်, မိုက်ခရိုဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေရတာကို အလွန်နှစ်သက်ပျော်ရွှင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အစီစဉ်တင်ဆက်သူတစ်ယောက်အဖြစ်လုပ်ကိုင်ခြင်းဟာသူမရဲ့Passion တစ်ခုလဲဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ရက်နေ့က ပြုလုပ်ကျင်းပတဲ့ ကမ္ဘာကျော် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာဘောလုံးအသင်းကြီးရဲ့ Premium စပွန်ဆာ ဖြစ်တဲ့ European Brand ‘Beko’ အိမ်သုံးပစ္စည်းများ မြန်မာပြည်တွင်တင်သွင်းရောင်းချခြင်း တစ်နှစ်ပြည့်စက္ကူရတုပွဲ အခမ်းအနားကိုလဲ ဂုဏ်ရည်က အခမ်းအနားမှူးအဖြစ် စီစဉ်တင်ဆက်ခဲ့ပါတယ်။

ရိုဟင်ဂျာ(ဘင်ဂါလီ)အရေးကိစ္စများလည်း မြန်မြန်ငြိမ်းချမ်းပီး

အငြင်းပွားနေကြတဲ့ Crown ကိစ္စလေးလည်း မြန်မြန်ပြန်အဆင်ပြေနိုင်ပါစေ လို့ ဘုရားမှာဆုတောင်းထားတဲ့ ဓာတ်ပုံလေးကိုလဲ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာတင်ပြီး မေတ္တာပို့ဆုတောင်းထားတာလဲတွေ့ရပါတယ်။ လက်တလောမှာတော့ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံလေးတွေရိုက်ဖြစ်နေပြီး ၊ သူမဝါသနာပါတဲ့ မိုက်လေးကိုင်ပြီး စင်မြင့်ထက်မှာ အစီစဉ်တင်ဆက်ပေးရတဲ့ အစီစဉ်တင်ဆက်သူအလုပ်လေးကိုလဲဆက်လက်လုပ်ကိုင်သွားမယ်လို့သိရပါတယ်။ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုအတွက်လဲအများကြီးကျေးဇူးတင်ပါတယ် ပရိသတ်ကြီးကိုလဲချစ်ပါတယ် လ့ိုဆိုပါတယ်။  

သတင်းအရင်းအမြစ် - Gone Yae Aye Kyaw Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။