အောက်တိုဘာ ၁၀ ရက်နေ့က မက္ကဆီကို မြောက်ပိုင်း Cadereyta အကျဉ်းထောင်မှာ ထောင်တွင်းဆူပူမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ထိုထောင်ဆူပူမှုကြောင့် အောက်တိုဘာ ၁၁ ရက်နေ့မှာ သေဆုံးသူဦးရေဟာ ၁၆ ယောက်ထိရှိလာခဲ့ပြီဖြစ်ကြောင်း Nuevo Leon ပြည်နယ် ရှေ့နေ့ချူပ်က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ စုံစမ်းနေတယ်လို့ Bernardo Gonzalez က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

၎င်းကဆက်လက်ပြီး ထိုအကျဉ်းထောင်ရှိ ထောင်တွင်းဆူပူမှုဟာ ၈ နာရီကြာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆူပူမှုတွင် ပါဝင်တဲ့ အနည်းဆုံး လူ ၅၄ ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ပြောကြားခဲ့ပါတယ်။ယခုလိုထောင်ဆူပူမှုဟာ ၂၀၁၇ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ပထမအကြိမ်ဖြစ်ပွားခဲ့တုန်းက လူ လေးဦး သေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

ယခုထောင်ဆူပူမှုမှာ အကျဉ်းသားများဟာ ထောင်စောင့်သုံးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာဖြစ်ပြီး ထိုဓားစာခံသုံးဦးကို အကျဉ်းထောင်ရဲ့ခေါင်မိုးပေါ်သို့ ခေါ်ဆောင်သွားခဲ့ကာ ခေါင်မိုးပေါ်ကနေပစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ထောင်ဆူပူမှုဖြစ်ပွားခဲ့ရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် အကျဉ်းသားများဟာ လုံခြုံရေးတာဝန်ရှိသူများ အကျဉ်းထောင်အတွင်းသို့ ဝင်မလာရအောင် နေရာများစွာကို မီးတင်ရှို့ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ထောင်အတွင်းကို အင်အားသုံးဝင်ရောက်ခဲ့ပြီး ထောင်ဆူပူမှုကို ထိန်းချူပ်ခဲ့ရတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။