ကို ဂျွန်လွင် ကတော့လုပ်ချလိုက်ပြန်ပါပြီ ။

" ဒီနေ့ကစပြီးရုံးမှာသရဖူ ၄၀၀ ကျော်ဝယ်ထားတယ် သရဖူလိုချင်သူများရုံးမှာလာယူပါ

မှတ်ချက်-

သရဖူဆောင်းပြီးရင်ဘာအလုပ်ကဖြစ်ဖြစ်ဝင်သမျှဝင်ငွေကို 30ရာခို်ုင်နှုန်းရုံးကိုသွင်းရမယ်မသွင်းရင်ပြန်သိမ်းမယ်...သဘောတူမှလာယူ " လို့သူကဆိုပြီး

ရုံးကလူတွေကို သရဖူတွေဝေနေတဲ့ ပုံကို လူမှုကွန်ယက်ကတစ်ဆင့်မျှဝေပေးလိုက်တာပါ ။

ကိုဂျွန်လွင်ဆိုတာကတော့ Stars & Models Int'l ရဲ့ တည်ထောင်သူဖြစ်ပြီး မော်ဒယ်အေဂျင်စီလောကမှာ သမ္ဘာရင့် ၀ါရင့် နာမည်ကြီးတစ်ယောက်ဖြစ်ကာ

နာမည်ကျော် မော်ဒယ် သရုပ်ဆောင်တွေ တော်တော်များများ သူ့အေဂျင်စီကပဲဖြစ်ထွန်းခဲ့ကြတာပါ ။ ခုလက်ရှိ သရဖူသိမ်းခံရတဲ့ ရွှေအိမ်စည်ဟာလည်း

သူ့ရဲ့ တပည့်တစ်ယောက်ဖြစ်ပါတယ် ။ ရွှေအိမ်စည် သရဖူအသိမ်းခံရတာနဲ့ပါတ်သတ်ပြီး ဂျွန်လွင်က  

" ဘာဆုမှ မရလည်း ကျွန်တော့် ကလေးတွေဖြစ်တဲ့ ရွှေမှုံရတီတို့ အောင်ရဲလင်းတို့ နိုင်းနိုင်းတို့လည်း အနုပညာလောကမှာ အောင်မြင်နေကြတာပဲ။

တစ်ချို့တွေလို ငွေပေးပြီး သရဖူယူမဲ့ အစား ကျွန်တော်ဆို စျေးမှာသွားဝယ်ပြီးဓါတ်ပုံ ရိုက်လိုက်မယ် " လို့ Sunday Journal မှာဖြေဆိုထားဖူးပါတယ် ။

ရွှေအိမ်စည်လည်း သရဖူမရပေမယ့် ပရိတ်သတ်အချစ်တွေ ရရှိပြီးသားဖြစ်နေပြီပဲမဟုတ်ပါလား ပရိတ်သတ်ကြီးရေ ...  

သတင်းအရင်းမြစ် John Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။