နိုင်ငံတကာပွဲကစားခွင့်ပိတ်ခံရတဲ့ပါကစ္စတန်အသင်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်Fifaဟာပါကစ္စတန်အသင်းကို

နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ခွင့်

မပြုတော့ပါဘူး။ဒါ့အပြင်ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့

လည်းFifaကပေးနေတဲ့လူငယ်ဖွံဖြိုးရေးပရိုဂရမ်တွေ၊

အထောက်အပံတွေအားလုံးရပ်စဲခံခဲ့ရပါတယ်။Fifaကထုတ်ပြန်တဲ့ကြေညာချက်အရပါကစ္စတန်ဘောလုံး

အဖွဲ့ချုပ်ဟာတတိယအဖွဲ့အစည်းတစ်ခုကလွှမ်းမိုးခံနေရလို့

ပြောပါတယ်။Fifaဟာဘောလုံးအဖွဲ့ချုပ်တွေကိုတခြားအဖွဲ့

အစည်းတွေကလွှမ်းမိုးထားတာမျိုးလက်မခံပါဘူး။

ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကတော့

ဒီပြစ်ဒဏ်ကိုလက်မခံပဲအယူခံဝင်သွားမယ်လို့သိရပါတယ်။

ဒါပေမယ့်လောလောဆယ်တော့Fifaရဲ့ပြစ်ဒဏ်ဟာ

အသက်စဝင်နေပြီးပါကစ္စတန်ဟာနိုင်ငံတကာပွဲတွေကို

ကစားခွင့်ရမှာတော့မဟုတ်ပါဘူး။ပါကစ္စတန်ဟာ

နိုင်ငံတကာပွဲစဉ်တွေကိုမကစားနိုင်တော့ဘူး

ဆိုပေမယ့်သူတို့နောက်ဆုံးကစားခဲ့တဲ့နိုင်ငံတကာပွဲက2015ခုနှစ်ကပါ။

အဆိုပါပွဲမှာယီမင်နဲ့ဂိုးမရှိသရေကျပြီးတဲ့နောက်မှာ

နိုင်ငံတကာပွဲမကစားတာနှစ်နှစ်ကျော်ပါပြီ။ဖီဖာအနေနဲ့

အဆိုပါပြစ်ဒဏ်ကိုပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်လွတ်လွတ်လပ်လပ်ရပ်တည်နိုင်မှပြန်လည်ဖြေလျှော့ပေးမယ်လို့ပြောပါတယ်။

ပါကစ္စတန်ကိုအရေးယူမှုသတင်းကြောင့်ကမ္ဘာ ့ဘောလုံး

အသိုင်းအဝိုင်းကြီးတစ်ခုလုံးတုန်လှုပ်သွားခဲ့ပေမယ့်

ပါကစ္စတန်ပြည်သူတွေကအေးဆေးပါ။သူတို့ကဘောလုံးထက်

ခရစ်ကတ်ပိုကြိုက်ကြတာမဟုတ်လား။

Source-FiFa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။